Sunday, April 5, 2020

"လူတွေကို ပြောင်းလဲလို့မရရင် စနစ်တွေကို ပြောင်းလဲလိုက်ပါ"

    တခါတလေမှာ ကိုယ်လိုချင်တာ ကိုယ်ဖြစ်ချင်တာလည်း မှန်တယ် အခြားသူဘက်ကလည်း မှန်နေတဲ့ အခါမျိုးတွေရှိ တတ်ပါတယ်။ လောကမှာ ထိန်းချုပ်ရအခက်ဆုံးစိတ် ကို ပိုင်ဆိုင်ထားတဲ့ လူတွေနဲ့ အလုပ်လုပ်ရတဲ့အခါ ကိုယ်သွားချင်တဲ့နေရာကို ရောက်ဖို့ ဆိုရင် ပါးနပ်ဖို့ လိုအပ်ပါလိမ့်မယ်..။

    ဒီနေ့ရာမှာ မြင်သားအောင် ဥပမာ ပြရမယ့်ဆိုရင် ကမာ္ဘ အချမ်းသားဆုံး သူဌေး amazon ပိုင်ရှင် Jeff Bezosကိုနမူနပြရပါလိမ့်မယ်။ Bezos ဟာ သူအလုပ် ကို အလွန်းစိတ်အားထက်သန်နေရုံသာမကဘဲ သူဝန်းထမ်းတွေကိုလည်း သူ့စိတ်အားထက်သန်မှု ကို ကူးစက်စေသူပါ။ သူနဲ့စကားပြောပြီး သူတိုင်းဟာ သူ့လိုပဲ Amazon ကိုအောင်မြင်အောင်လုပ်ဖို့ စိတ်အားထက်သန်မှု ဖြစ်လာတတ်ပါတယ်။ ဒီအချက်ကိုကောင်းကောင်း နားလည်းတဲ့ သူအနေနဲ့ ထိပ်ပိုင်းက စလို့ အောက်ခြေအထိ အချိန်ရရင် ရသလို တွေဆုံစကားပြောတတ်သူ တစ်ဦးပါ။

   တခါက Bezos ဟာCustomer Service ဌာနက အရာရှိ တွေ တစ်ရက်ကို ၁၂ နာရီလောက် အလုပ်လုပ်နေကြရတဲ့ ဝန်ထမ်း တွေဟာ စာအုပ်ဝယ်ချင်သူတွေ မေးမြန်းတဲ့ email တွေကို ပြန်ဖို့ ဘာကြောင့် ကြန့်ကြာနေကြတာလဲမေးတော့ သူတို့က အစွမ်းကုန်ကြိုးစားပြီး email တွေကို ပြန်နေခဲ့ကြပါတယ်။ သူတို့မှာ ဒီထက်ပိုလုပ်ဖို့ ခွန်းအား မရှိကြတော့ပါဘူးတဲ့။ ဒီလိုကြားတော့ Bezosဟာ ဒေါသထွက်သွားတယ်။ ဒါပေ့မယ့် သူဒေါသကို ချက်ချင်း ထိန်းချုပ်လိုက်ပါတယ်။ပြီးတော့ သူအစီအစဥ်တစ်ခု ဆွဲလိုက်တယ်။ ဒီ အစီအစဥ်က email ပြိုင်ပွဲပါ email အစောင်တစ်ထောင်ပြန်နိုင်တဲ့ ဝန်းထမ်းကို ဒေါ် လာ၂ရာ ဆုချပေးပါမယ်လို့ ကြော်ငြာလိုက်ပါတယ်။ ထိုအခါမှာဝန်ထမ်းတွေဟာ အရင်အလုပ်ချိန်ထပ် ငါးနာရီပိုလုပ်ပြီး သူထက်ငါ အလုအယက် emailတွေကို ပြန်ကြပါတော့တယ်။ email ပြန်ဖို့ ကျန်နေတဲ့ ထောင်ပေါင်းများစွာသော emailတွေကို နှစ်ရက်အတွင်း ပြန်ပို့နိုင်ကြပါတယ်။ ဝန်ထမ်းတွေဟာလည်း Bezosပေးတဲ့ ဆုငွေတွေကု် ရကြပြီး ပျော်ရွှင်နေကြပါတယ်....။

     တခါတလေမှာ ကိုယ်ဟာ ခေါင်းဆောင်းတစ်ယောက် စီမံခန့်ခွဲရသူတစ်ယောက်အနေ တဖက်က လုပ်နိုင်စွမ်း တစ်ဖက်က ဖြစ်တည်လာမှုတွေ အပေါ် မှာ ပရိယာယ် ကြွယ်ဝစွာ ထိန်းချုပ်တတ်ဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် တချို့သော ကာလတွေမှာ ကျပ်တည်းလှတဲ့ အခြေအနေတွေမှာ သိမ်မွေ့တဲ့ နည်းလမ်းတွေကု် စဥ်းစားရပါလိမ့်မယ်။ တချို့က ဒီလို pressure များတဲ့ အချိန်မျိုးတွေမှာ ဒေါသ တွေများပြီး ပိုဆိုးသွားတတ်ပါတယ်။ အစီအစဥ် ရေးဆွဲရာမှာလည်း တဖက်သပ်မဆန်စေပဲ ကိုယ်ကုမ္ပဏီအတွက် ကိုယ်ဝန်းထမ်းအတွက် ကိုယ့်customerအတွက် စသည့် ရှူထောင့်ပေါင်းစုံက အစီအစဥ် တွေအားလုံး အဆင်ပြေစေမယ့် နည်းတွေကို ရွေးချယ်တတ်ရပါမယ်။
ဒီလို့အချိန်မှာ သတိထားရမှာ ကတော့ ကိုယ်ရှူထောင့်နဲ့ ကိုယ်စီ မှန်နေကြတဲ့ အခြေအနေမျိူး မှာ ဘယ်သူမှမမှားဘူဆိုတာ ကို ဦးစွာလက်ခံရပါလိမ့်မယ်။ ဒါမှလည်း လူတွေရဲ့ စိတ်ကို ပိုကောင်းမွန်တဲ့ မျှော်လင့်ချက်တွေ နဲ့ အားဖြစ်စေတဲ့ တွန်းအား ပင့်အား မျိုးတွေကို ဖြစ်စေနိုင်မှာပါ။ ဒီလိုအချိန်မျိုးမှာ တချို့တွေက အတင်းဖိအားကို သုံးကျပါတယ် ထိုအခါ လူစိတ် လူသဘောအရ စပရိန်းလို ကန်ထွက်ကုန် ပြီး ပိုဆိုးကုန်ကြတတ်တယ်ဆိုတာ ိုလည်း သတိပြုရပါလိမ့်မယ်။
 အချုပ်အားဖြင့် ဆိုရရင် ကိုယ်ထိန်းချုပ်ရခက်ခဲတဲ့ အခြေအနေမျိုးတွေ လူမျိုးတွေ ကြုံတွေလာရတဲ့အချိန်မျိုးမှာ ပါးနပ်းတဲ့ အစီအစဥ်ကောင်းတွေကိုဖောက်ထွက်စွာ စဥ်းစာပြီးသိမ်မွေ့ပါးနပ်စွာ ချမှတ် အကောင်အထည်ဖော်တတ်ဖို့ အရေးကြီးလှပါတယ်...။


အားလုံးပဲ အဆင်ပြေကြပါစေ...
Zwe Khant Thu
3:52AM

No comments:

Post a Comment

ခေတ်ပျက်ခြင်း စနစ်ပျက်ခြင်း

 " ခေတ်ပျက်ခြင်း"  "စနစ်ပျက်ခြင်း"  ~~~~~~~~~~~ 🍁 ~~~~~~~~~~ "ခေတ်ပျက်တယ်" ဆိုတာ  မဟုတ်တာ လုပ်တဲ့ လူတွေ ကြီးပ...