လူရယ်လို့ ဖြစ်လာရင် ကြောက်ခြင်းတရား နဲ့ ကင်းတဲ့သူမရှိပါ။ လူတိုင်းကြောက်ဖူးကြတယ်။ ဒါဆို အောင်မြင်တဲ့ သူနဲ့ ရှုံးနိမ့်တဲ့သူ ဘာကွာသွားသလဲလို မေးလာမယိ့ဆိုရင် သတ္တိဆိုတဲ့ စွမ်းရည် ကွာသွားခြင်ဖြစ်သည် ဟု ဖြေပရစေ။
တော်တော် များများ ကတော့ သတ္တိနဲ့ရဲရင့်ခြင်းကိုတွဲသုံးကြတယ်။ တကယ်တော့ ကွဲလွဲမှုရှိတာကိုတွေရပါလိမ့်မယ်။ ရဲရင့်ခြင်းဆိုသည်မှာ သေရေးရှင်ရေး ဖြစ်နေချိန်မှာ လျှပ်တပြတ် ဆုံးဖြတ်ချက်နဲ့ အများနဲ့မတူအောင် ဆောင်ရွတ်သွားသော တုံပြန် ချက်သာ ဖြစ်သည်။ သတ္တိ ဆိုသည်မှာ ဘာပဲကြောက်ကြောက် အဲဒီအကြောက်တရားကိုပျောက်အောင် လုပ်နိုင်သည် စွမ်းရည်ပင်ဖြစ်သည်။
သင် ကြောက်နေသည့် ကိစ္စ တစ်ခုကို ဆောင်ရွက်လိုက်ပါ။
ထိုအခါ ကြောက်စိတ် သေးဆုံး သွားသည်ကို မလွဲမသွေ့ တွေ့
ရပါလိမ့်မည်။
ရောဘတ် အက်ဖ် ကနေဒီ (၁၉၂၅- ၆၈)
ဘဝမှာ ကျွန်တော်တို့ကို နောက်တွန့်စေသည် အရာများစွာ ရှိပါသည်။ သွားနေကျ လမ်းကနေ သွေဖယ် ပီး အခြားလမ်းကသွားလိုရမှန်း သိလျက်နဲ့ မသွားခဲ့တဲ့ အချိန်တွေ၊ အများနဲ့ မတူတဲ့ အရာတွေ လုပ်ရင် လှောင်ခံရမှာဆိုလို နောက်ဆုတ်ခဲ့တဲ့ အကြိမ်ရေအတွက်တွေ၊ ထ နေတုန်းက အကောင်း ထသွားမှာကျိုး မှာကြောက်တဲ့ စိတ်နဲ့ ဟုတ်မှဟုတ်ရဲ့လား စွန့်စားတယ်ဆိုတာ စာအုပ်ထဲမှာပဲ ဖတ်လို့ကောင်းတာပါ အပြင်မှာ မလွယ်ပါဘူးဆိုပြီး ပုံမှန်အတိုင်း ဖြတ်သန်းနေတဲ့ကာလ တွေနဲ့ အပြောင်းအလဲကို ကြောက်ပြီး နောက်တွန့်နေခဲ့ကြတယ်။
ဘာလို ကျွန်တော်တို့ နောက်တွန့်နေကြသလဲ။
အကြောင်းမှာ အန္တရာယ်ကင်းသည့်ဆိုသော ခံစားချက်ကြောင့်ပင်ဖြစ်သည်။
ဤ အရာကို လူတိုင်း တွေကြုံခံစားခဲ့ရဖူးသည်။ တချို့သူတွေက ဤအရာကိုဖြတ်ကျော်ဖို့ နည်းလမ်းတွေရှာပြီး ကျော်ဖြတ်သွားကြသည်။
တချို့က နေမြဲ အတိုင်းနေသွားကြသည်။ ယင်း နေမြဲ က သူတို့အတွက် သက်သာမြဲ သက်သာစေမည့်ဟု ထင်လျက်ရှိကြသည်။ ...
အချိန်တန် အသက်တွေရသွားမှသာလျှင် ကွဲပြားမှု ကိုသိလာကြသည်။ သင်သည် ငယ်ရွယ်နေချိန်ဆိုလျှင် ကြောက်ခြင်းတရားကို ရင်ဆိုင်ကျော်ဖြတ်နိုင်သော သတ္တိကိုစနစ်တကျ မွေးမြူးပါ သင်သည် အောင်မြင်ခြင်သည်ဆိုလျှင် ဒီအချက်မှာ အခြေ ခံ အုတ်မြစ်ပင်ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ ငုပ်နေသောစွမ်းရည်အပေါ ထားရှိသော ယုံကြည်မှူက အားနည်းလာပေ့လိမ့်မည်။
ထိုကြောင့် လက်ရှိ အချိန် လက်ရှိ မိနစ်က သင်အတွက် ရှေ့ဆတ်ရမည့် ဘဝတသက်တာရဲ့ အနုပျိုဆုံးနှင့် အသန်မာဆုံးသောအချိန်ဖြစ်၍ သင်အနေဖြင့် သင်ကြောက်စိတ်ကို အနိုင်ယူဖို့ စတင်ကြိုးစားပြီး ယနေ့အဖို့ သင်ရဲ့နေတစ်နေ့ ကို အကောင်းဆုံး ဆုပ်ကိုင်လိုက်ပါ။ဘဝနိဂုံချုပ် ချိန်တွင် သင်ကိုနောင်တရစေမည့် အရာများက သင်ရှုံးနိမ့်ခဲ့သည် ကိစ္စများအတွက်မဟုတ် သင်ပြုလုပ်ဖို့ဆန္ဒရှိပါလျက်နှင့် တကြိမ်တခါမျှ ကြိုးစားဖို့အားမထုတ်ခဲ့သောအရာ များသာ ဖြစ်နေသောကြောင့်ဖြစ်သည်။
ထို့ကြောင့်နေရက်တိုင်းကို သင်ရဲ့ နောက်ဆုံးနေရက်တွေ အဖြစ်ရှင်သန်ပါ။ မနက်ဖြန်သာ သင်ရဲ့ ဘဝနိဂုံရက်ဖြစ်မည်ဆိုလျှင် သင် ဘာလုပ်မလဲ။ ကျိန်သေးပေါက် ကျုပ်ပြောရဲပါသည် ထိုအချိန် သင်အတွက် အရေးအပါဆုံး အရာများကို သင်လုပ်တော့မည် သင်ကြောက်နေသောအရာများ သင်အတွက် အရေးမပါတော့ပေ။ တခါတလေ ဘာမဟုတ်တဲ့ အသေးအဖွဲ့လေများကို ကျုပ်တို့စိတ်ကသာ အရေးတယူ ပုံကြီးချဲ့နေကြ၍သာ ပုံကြီးဖြစ်နေသည်။ ဒီနေ့သည် သင်ရဲ့နောက်ဆုံးရက်အဖြစ်သတ်မှက်ပြီး သင်ရဲ့ ကြောက်စိတ်ကို ဘေးဖယ်၍ သင် လုပ်ခြင်သော အရာများကိုသာ အာရုံစူးစိုက်ပါ။ အကောင်းဆုံးသာလုပ်ပါ ရှုံးတယ် နိုင်တယ်ဆိုတာ သင်ရဲ့ သတ်မှတ်ချက်သာ ဖြစ်သည်။ "လက်မလျော့လိုက်ပါနှင့် လက်လျော့လိုက်ပါက သင် ဘာမှဖြစ်မလာရုံသာ အဖတ်တင်လိမ့်မည်။ "
စွန့်စားခန်းတွေ ရှိမှပဲ
လူတွေက မိမိကိုယ်ကို ပိုပြီး သိလာကြတာ
မိမိဘာဆိုတာကို ပိုပြီး ရှာတွေ့လာကြတာ
အန်ဒရဲ ဂျိုက်ဒ်
သင်အနေနဲ့ ခရီးတခုသွားမည် ဆိုပါက သင် လိုအပ်သော အရာများ ရှိနေပါက သင်ဘယ်သွားသွား သင်ကို ယုံကြည်နေစေပါလိမ့်မည်။ ထိုအတူပင် သင်၏ ဘဝသည်လည်း ခရီးတစ်ခုသာဖြစ်နေပေသည်။ ထို့ကြောင့် သင်၏ ဘဝ ခရီးကို ရဲဝံ့စွာ အောင်အောင်မြင်မြင် ဖြတ်သန်းခြင်တယ်ဆိုရင် သင် မလုပ်နိုင်၊ သင်မတတ်နိုင်သော ကိစ္စမရှိဟုသော စိတ်ကိုမွေးထားရမည်ဖြစ်သည်။ သင်၏ စွမ်းဆောင်ရည်နှင့် လုပ်ရဲကိုင်ရဲ သတ္တိတွေက သင်ကို ဘေးအန္တရာယ်အမျိုမျိုး မှ အံတုပြီး အောင်မြင်မှုကို အလွယ်တကူ ဖမ်းဆုပ်ယူပေးပါလိမ့်မည်။ ထို့ကြောင့် သင်အနေဖြင့် အကြောက်တရားကင်းသူ ဖြစ်အောင် လေ့ကျင့်လိုက်ပါ။
Zwe Khant Thu
3:41 PM
No comments:
Post a Comment