Friday, May 15, 2020

Apple ဖခင် Steve Jobs၏ မိန်းမပိုးနည်း

"Apple ဖခင် Steve Jobs၏ မိန်းမပိုးနည်း"

Steve Jobs ဟာ apple ကုမ္ပဏီကို စတင်တည်ထောင်ပြီး ကမာ္ဘ ပထမဆုံး ပါစင်နယ် ကွန်ပျူတာ ကို ထီထွင်ခဲ့သူပါ..။

၁၉၈၅ခု နှစ် မှာ Jobs ဟာ သူတည်ထောင်ထားတဲ့ ကုမ္ပဏီက နေ မောင်းထုတ်ခံရသူပါ။ 
အဲအချိန် သူခံစား ချက်တွေ မှန်းဆကြည့်နိုင်ပါတယ်...။
ဒါပေ့မယ့် Jobs ဟာ ကြာကြာ လဲ မကျပါဘူး...
ခဏလေးအတွင်းမှာ သူဟာ ပြန်ထနိုင်ခဲ့သူပါ...။

တနေ့ Jobs ဟာ တက္ကသိုလ်ကျောင်းတစ်ခုရဲ့ ဟောပြောပွဲ တစ်ခု မှာ သူမ ကို စတွေခဲ့ပါတယ်..။
ဟောပြော ပွဲ ပြီးတော့ Jobs ဟာ သူမနဲ့ စကားစမြည်း ပြောပြီး ဖုန်းနံပါတ်တောင်းခဲ့ပါတယ်..။
တကယ်တော့ သူမကို အဲနေ့ညကို ညစာ စားပွဲ ဖိတ်​ ကျွေးခြင်းပေ့မယ့် အရေးကြီးတဲ့ အစည်းအဝေရှိလို့ မဖိတ်ခဲ့ရပါဘူး..။

ဒါပေ့မယ်​့ Jobs ဟာ အဲနေရာက မထမိ သူမေးနေကျ မေးခွန်းကို သူကိုယ့်သူ ပြန်မေးခဲ့တယ်...။


"ဒီနေ့ဟာ ငါရဲ့ နောက်ဆုံးနေ့ ဖြစ်ခဲ့မယ် ဆိုရင် ဒီနေ့မှာ  ငါ ဘာတွေလုပ်မလဲ..."

Jobsဟာသူကိုယ့် သူ အဲလိုမေးပြီး အဖြေ ချက်ချင်း ထုတ်ခဲ့တယ်။

ဟောပြောပွဲထဲ ပြန်သွားပြီး သူမကို ပြန်ရှာတယ်။
ညစာစားပွဲကို ဖိတ်တယ်..။
ညစာ အတူ စားဖြစ်ခဲ့ကြတယ်..။
အဲလိုနဲ့ Laurene Powell က သူရဲ့ ဇနီးမယား ဖြစ်လာခဲ့တယ်...။

Jobs က ဒီလို ဆိုခဲ့တယ်....
" ဘဝရဲ့ ဆုံးဖြတ်ချက် ကြီးကြီး ချ ခံနီးမှာ ကိုယ့်ကိုကိုယ့် သေတော့မယ် လို့ သတိပေးတတ်တယ်။ ဒါဟာ ကျွန်တော်သုံးခဲ့တဲ့ နည်းတွေ ထဲမှာ အရေးပါးဆုံးနည်းပဲ။ 
ဘာလိုလဲဆိုရင်.....
အရာရာတိုင်းမှာ ရှိသမျှ မျှော်လင့်ချက်တွေ၊ နံမည်ကောင်းတွေ၊ အခက်အခဲ တွေ ဒါမှ မဟုတ် ရှုံးနိမ့်ခြင်းရဲ့ ကြောက်ရွံမှု စတာတွေဟာ သေမင်းနဲ့ ရင်ဆိုင်ရချိန်မှာ ပျောက်ဆုံးကုန်တယ်..။
တကယ့်အရေးပါတာတွေပဲ ကျန်ရစ်ခဲ့တယ်...။"

" ကိုယ့် သေးဆုံးမယ်လို့ သတိပေးတာ ဟာ ကျွန်တော် သိသလောက် ကျဆုံးမှုထောက်ချောက်ထဲ တိုးဝင်ချိန် မကြောက်ရွံဖို့ တားဆီးပေးတဲ့ အကောင်းဆုံး နည်းလည်းဖြစ်တယ်.....
လူတွေဟာ မွေးလာတုန်းကလည်း ဘာမှ မပါကျသလို့...
သေဆုံးတဲ့အခါကျရင်လည်း ဘာမှ ယူသွားလို့မရဘူ...

ဒါကြောင့် ကိုယ်စိတ် အတိုင်း မဖြစ်ဘူးဆိုတာ မရှိဘူး..."

•••••••••••••••••••••••••••••••••••••••••••••••••••

ဒါကြောင့် ကျွန်တော်တို့လည်း စိတ် တည်တည်ငြိမ်ငြိမ်နဲ့ ကိုယ့်ကိုကိုယ့် ဒီနေ့ဟာ ငါရဲ့ နောက်ဆုံးနေ့ဆို ငါဘာလုပ်မလဲ....
ငါဘယ်လို နေမလဲ...
ဒါဟာ တကယ်ပဲ အရေးကြီးရဲ့လား...
တကယ်ကို မရှိမဖြစ်ရော့် ဟုတ်ရဲ့လား...

ကျွန်တော်ကြားဖူးတာကတော့...
တသက်မှာ ရက်နှစ်ရက်ပဲ ရှိတယ် တဲ့...အဲတာ ပထမ ဆုံး ရက်ရယ် နောက်ဆုံးရက် ရယ် တဲ့...။

ပထမဆုံး ရက်ဆိုတာ ပထမဆုံး ချိန်းတွေတဲ့ ရက်မှာ တစ်မိနစ် တစ်စက္ကန့် အစ တန်းဖိုးထားကြတယ်...။ ပထမဆုံး အလုပ်စလုပ်တဲ့ ရက် ရာထူးတိုးတဲ့ ရက်မှာ အတိုးတတ်ဆုံး အကောင်းမွန်ဆုံး လုပ်ဖို့ တတ်ကြွကြတယ်..။
ပထမဆုံးရက် တိုင်းမှာ ကျွန်တော်တို့ဟာ အသွက်လက်ဆုံး၊ အတတ်ကြွဆုံး၊ အင်အားအရှိဆုံး ပါ။

ပထမဆုံးရက် တိုင်းဟာ အင်အားအပြည်ဆုံး အတတ်ကြွဆုံး အောင်မြင်မှုကို အရယူပြီး .....နောက်ဆုံးရက်တိုင်းဟာ ကြောက်ရွံမှု အကင်းဆုံး 
အတွယ်အတာ ကင်းစွာ ခံစားချက်တွေကို ကောင်းကောင်းထိန်းချုပ်ပြီး အနှစ်သာရကို ဆုပ်ကိုင်နိုင်မှာပါ....။

တသက်မှာ ရှိတဲ့ နေ့တိုင်း မှာရက်နှစ်ရက် အဖြစ် အကောင်းဆုံး အသုံးချ နိုင်ပြီး ဘဝရဲ့ အောင်မြင်မှု  တန်းဖိုးရှိရှိ ပျော်ရွှင်မှုများကို ပိုင်ဆိုင်နိုင်ကြပါစေ....။

စေတနာဖြင့် 
Zwe Khant Thu
15.5.2020

Ref: Share.youthwant.com

No comments:

Post a Comment

ခေတ်ပျက်ခြင်း စနစ်ပျက်ခြင်း

 " ခေတ်ပျက်ခြင်း"  "စနစ်ပျက်ခြင်း"  ~~~~~~~~~~~ 🍁 ~~~~~~~~~~ "ခေတ်ပျက်တယ်" ဆိုတာ  မဟုတ်တာ လုပ်တဲ့ လူတွေ ကြီးပ...