"ဟာရိုးရော်ဘင် သည် ရုပ်ရှင်လောက ရုပ်ရှင်တိုင်းပြည် မှ ရုပ်ရှင်လူမျိူးများ အကြောင်းကို စာအုပ်သုံးအုပ်ရေးသားခဲ့သည်...."📓📔📕
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••
(ဟာရိုးရော်ဘင် သည် မိဘမဲ့ ဂေဟာတစ်ခုတွင် ၁၉၁၆ ခုနှစ် မေလ ၁၂ရက်နေ့တွင်မွေးဖွားခဲ့ပြီး ဂျူးလူမျိုးမိသာစုမှ မွေးစားခဲ့ပြီး အသက်၁၅ နှစ်အရွယ်တွင်း အိမ်က ထွက်ပြေးခဲ့ပြီး ဘဝမျိုးစုံ အလုပ်မျိုးစုံနှင့် လောကကိုရင်ဆိုင်ခဲ့သူ ဖြစ်သည်။ ၁၉၄၈ ခုနှစ်တွင် Never Love A Stranger ဝတ္တုကို မိဘမဲ့ ဖရန်ဂီကေး လူငယ်တစ်ယောက်ရဲ့ ဘဝတိုက်ပွဲ အကောင်းအဆိုးနှင့် လူမိုက်လောက အကြောင်း အတွင်ရေးများကြောင့် ယင်းစာအုပ်နှင့်ပင် ဟာရိုးရော်ဘင်ဟာ အောင်မြင်သော စာရေးဆရာ တစ်ယောက် ဖြစ်လာခဲ့သည်။)
ဟားရိုးရော်ဘင်ရဲ့ Dream Marchant စာအုပ်သည် ဒုတိယ စာအုပ်ဖြစ်သည်။
ယင်းစာအုပ်သည် ကမာ္ဘ ကျော် ဟောလိဝုဒိရုပ်ရှင်လောက စတင်ဖြစ်ပေါ ကို အခြေခံပြု ရေးသားထားသည်။ ဆရာ မောင်မိုးသူ ဘာသာပြန်ချိန်မှာ မြန်မာရုပ်ရှင်လောက စတင်နေချိန် ဖြစ်ပြီး " အိမ်မက်ကုန်သည်" အမည်ဖြင့်ဘာသာပြန်ခဲ့သည်။
1️⃣°ရုပ်ရှင်ပေါဦးကာလကို အခြေ ခံ၍ "Dream Marchant" အိမ်မက်ကုန်သည်(မောင်မိုးသူဘာသာပြန်)...
2️⃣.အလယ်ခေတ်ကို အခြေ ခံ ၍ "The Carpetbaggers" ဝတ္တုစာအုပ်သည် ၁၉၆၄တွင်ရုပ်ရှင်ရိုက်ကူးခဲ့ပြီး ယင်းဝတ္တုထဲမှ ဇာတ်ရုပ်တစ်ရုပ်ဖြစ်သူ နီဗား ဒါးစမစ်ကို ယင်းနံမည်ဖြင့် ၁၉၆၆တွင် ရုပ်ရှင်ရိုက်ကူးခဲ့ပြန်ရာ အလွန်အောင်မြင်သော ရုပ်ရှင်ဇာတ်ကား နှစ်ကားဖြစ်ခဲ့သည်။
ယင်း ဝတ္တု ကို ဆရာအထောက်တော်လှအောင်က "ရှစ်စပ်က ဂျင်ခြေလည်သူ" အမည်ဖြင့် ၇၇၇မျက်နှာပါ စာအုပ်အထူကြီးဘာသာပြန် ထုတ်ဝေခဲ့ရာ မြန်မာ ဘာသာပြန်လောက တွင် အလွန်အောင်မြင်သော စာအုပ်ကြီးတစ်အုပ်ဖြစ်ခဲ့ပါတယ်။
3️⃣.မျက်မှောက်ရုပ်ရှင်ခေတ်ကို အခြေ ခံ၍ " The Inheritors" ဝတ္တု စာအုပ်တို့ဖြစ်သည်။
ထိုသုံးအုပ်မှာ တစ်အုပ်နှင့်တစ်အုပ် ဇာတ်ဆောင်ဇာတ်လမ်းချင်း ဘာမှမတူကြပါ။ သို့သော်ခေတ်သုံးခေတ် မှ ရုပ်ရှင်လူမျိုးများအကြောင်း ရေးသားထားခြင်း တစ်ချက်သာလျှင် တစ်အုပ်နှင့် တစ်အုပ် ဆက်စပ်နိုင်ပါသည်။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
#အိမ်မက်ကုန်သည်_မောင်မိုးသူ
ဟောလိဝုဒ် ရုပ်ရှင်လောက စတင်ဖြစ်ပေါလာပုံ ဟောလိဝုဒ်ရုပ်ရှင်လောက နှင့် အိမ်မက်များကို ရောင်းဝယ်ဖောက်ကာကြသည့် အိမ်မက်ကုန်သည်များ ရုပ်ရှင်လူမျိူးများ အကြောင်းကို အတိတ် ပစ္စုပ္ပန် နှစ်ကာလကို တလှည့်စီရေးနည်း နှင့် ရေးသားခဲ့ရာ အလွန်စိတ်ဝင်စာဖွယ်ကောင်းလှသည်။
အကြွေးတွေ ပတ်လည်ဝိုင်းနေသော မိဘမဲ့ ဂျော်နီတစ်ယောက် အကြွေးရှင် ပီတာရဲ့ စောက်ရှောက်မှုဖြင့် အရိပ်ပြစက် နှင့် ပိုက်ဆံများရလာပုံ နောက်ပိုင်း ရုပ်ရှင်ရုံများ ထုတ်လုပ်ရေးလုပ်ငန်းများ တဆင်တဆင့် ကြိုးစားတည်ဆောက်လာပုံ ငွေရှင်များရဲ့ ရုပ်ရှင်လောက သားများအပေါ မတရား ဂုတ်သွေးစုပ်ဖိနှိပ်ထားပုံ စုပေါင်း လိုအဖွဲ့အစည်းကို တော်လှန်ဖို့ ကာလီဖိုးနီယား ကိုထွက်ပြေးရပုံ
သူတို့ ရောက်ရှိခဲ့တဲ့ ခြံနံမည်က "ဟောလိဝုဒ်"..။
ထိုမှတဆင့်ဟောလိဝုဒ်ကြီး စတင်ဖြစ်ပေါလာပုံ ပြဇာတ် သမားများက အရိပ်ပြ သမားတွေမို့ အနုပညာမဟုတ်ဟု ဆိုကာ ရုပ်ရှင်သမားများကို အထင်သေးပုံ....။
ဒက်ဒီဆင်ဆိုတဲ့လူက ရုပ်ရှင်ကို အသံထွက်အောင်လုပ်နေသဖြင့် ရူးကြောင်ကြောင်လုပ်ရပ်အဖြစ် အထင်သေးပုံ...။
နောက်ပိုင်း ရုပ်ရှင်လောက အောင်မြင်လာချိန် ငွေရေးကြေးရေး အရ စီးပွားရေးသမားများ အနုပညာသမားများကို သူတို့ထူထောင်ထားတဲ့ ထုတ်လုပ်ရေး လုပ်ငန်းများကို ကန်ထုတ်ဖြစ်ပုံ...။
အနုပညာ မပါသော စီးပွားရေးသမား ဝါးမျိုးပုံ..။
သားအဖ ချင်း နောက်ကျောဓားထိုးပုဲ....။
မိန်းမလှများရဲ့ ကြောက်မက်ဖွယ်ရာ မာယာကြောင့် ဘဝပါမက အသက်ပါပေးရပုံ...။
စသည့်...
စသည့်...
အချစ် အလွမ်း စက်စုပ်ရွံရှာ ဖွယ် စွန့်စားမှု စွန်လွှတ်မှု အနစ်နာခံမှု အတ္တကြီးမှု ရသပေါင်းများစွာ
ပေးစွမ်းနိုင်ပါတယ်... ။
ကျွန်တော် အကြိုက်ဆုံး အဆုံးသတ်စကားလေးက
"ကျွန်တော်တို့ရုပ်ရှင် လူမျိုးတွေက နေ့ရှိသမျှ အိမ်မက်များကို ဖလင်ပြားများပေါ မှာ ထုတ်လုပ်ရောင်းချသူပါ...။အိမ်မက်လှလှကလေးကို ကော်ပြာများနှင့် ဖန်းတီးအိမ်ဆောက်၍ နေရသော ကျွန်တော်သည် အခြားသောရုပ်ရှင်လူမျိုးများနှင့် ဘာထူးမည်နည်း....။ လောကဓံကပုတ်ခတ်လာသော အခါကော်ပြားအိမ်ကလေးမှာ မခိုင်ပါ။ကျွန်တော်တို့ကို ကာကွယ်ခုခံပေးသည့် သူရဲကောင်များမရှိလျှင်လကျွန်တော်မရပ်တည်နိုင်ပါ....။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
#ရှစ်စပ်ကဂျင်ခြေလည်သူ_အထောက်တော်လှအောင်
ရုပ်ရှင်အလယ်ခေတ်ကို အခြေ ခံသော "The Carpetbaggers"သည် စိတ်ထဲမှာ လုပ်ချင်တညတွေကို အကုန်ဖြစ်အောင် လုပ်တယ် အပေါစားမိန်မ
တစ်ယောက်ကို မင်သမီးဖြစ်အောင်လုပ်တယ် နံမည်ကြီးသွားတယ်။ အနောက်တိုင်း နံမည်ကျော် ဝန္တုတွေရဲ့ သဘော သဘာဝအလျောက် မိန်မကိစ္စ အငြီအဟောက်တွေ ရက်စက် ကလဲ့စာချေမှု မြန်မာယဥ်ကျေးမှုနဲ့ မကိုက်ညီတဲ့ ၁၈+ အငြီအဟောက်တွေနဲ့ ဖြစ်စဥ်တွေများစွာပါပေ့မယ့် စာရေးသူက နူးညံကိုင်တွယ်ရေးသားပြီး မြန်မာပြန်ထားတာတွေကို မရိုင်းပါဘူး။
ဒီစာအုပ်ရဲ့ အဓိက ဇာတ်ကောင် ဂျိုးနပ်စ်ကော့ ဂျူနီယာဆိုတာ နံမည်ကျော် အမေရိကန်သူဌေးကြီး ဟောင်းဝပ်ဟူးစ် ဘဝကို စံပြုပြီးရေးထားတာပါ။ ကာယကံရှင်သူဌေးကြီးရဲ့ ခွင့်ပြုချက်နဲ့အညီ အသေးစိတ်လေ့လာပြီး ဇာတ်အိမ်ဖွဲ့ထားတာပါ။
(ဟောင်းဝပ်ဟူးစ်ဆို အသက်၁၈ အရွယ်မှာ အဖေဆီကအမွေရပြီး သူဌေးဖြစ်ကာ လေယာဥ်ပေါ ဦစမှာ လေယာဥ်ဒီဇိုင်းအသစ်တွေ ကို ထီထွင်ကာ ကိုယ်တိုင်အမောင်းစံချိန်းသစ်တင်တဲ့အထိ စွန့်စားဝံသူတစ်ဦးပါ။ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ထုတ်လုပ်ပြီး ဟောလိဝုဒ် နံမည်ကြီး မင်သမီးမျာစွာနဲ့ ထည်လဲတွဲပွေရှုပ်ပြီး နံမည်ကြီးသူတစ်ယောက်ပါ။)
မြန်မာ ပုံပြင်ထဲကလို ကုဠေ၈၀သူဌေးသားလို အမွေရပြီး ဘေးနားက မြှောက်စားပေါင်းစားသူတွေရဲ့ဒဏ်ကြောင့် ဘာမှမယ်မယ်ရရ မကြိုးစားပဲ နောက်ဆုံး လမ်းဘေးမှငတ်သေပြီး ပျက်စီးခဲ့သူမဟုတ်ပါဘူး။ မိဘဆီက အမွေရပြီးဘဝကိုရေစုန်မျှောမပစ်ပဲ ဒီထက်မက လုပ်ငန်းပေါင်းများစွားကြိုးစားအောင်မြင်အောင်လုပ်ပြီး ကိုယ်ပိုင်အရည်အချင်းကိုပြသခဲ့သူပါ။
အသက်၁၈နှစ်မှာ မိဘတွေဆုံးပါးသွားလို့ တစ်ကောင်ကြွတ်ဖြစ်ခဲ့ပေ့မယ့် တစ်ပါးသူရဲ့ချုပ်ကိုင်မှုကိုမခံ မြှောက်ပင့်မှုကို အရေးမထား ဖြစ်လာသမျှကို အရှုံးမပေးပဲ့ ရဲရဲဝံဝံ ရင်ဆိုင်ခဲ့သူပါ။ ငွေရဖို့ ဘယ်သူမျှ မညှာတာ အချင်းချင်းလည်လှီးခုတ်ထစ်ပြီး လောဘဇောတိုက်နေတဲ့ အမေရိကန်စီးပွားရေးသမားတွေ ကို ခိုင်မာတဲ့စိတ်ဓာတ် ပြတ်သားတဲ့ ဆုံးဖြတ်တွေနဲ့ ဘယ်လိုအံတုပြီး ကျော်ဖြတ်ခဲ့တယ်ဆိုတာကို ဇာတ်အိမ်ဖွဲ့ ရေးသားထားတာပါ။
ဒါကြောင့် လူငယ်တွေအတွက်တော စီးပွားရေးမှာ ကိုယ်အားကိုယ့်ကိုးပြီး စွမ်းစွမ်းတမံ ဘယ်လိုကြိုစားယူရတယ်ဆိုတာကို အားကျ အတုယူ စေနိုင်ပါတယ်။
ထိုအပြင်မိမိ အာဏာတည်မြဲရေးအတွက် ကိုယ်သွေသားရင်ကိုပါ မညှာ ခေါင်းပုံဖြတ်အမြတ်ထုတ်တာတွေ ..
မိမိအာဏာတည်မြဲရေးအတွက် တလြားသူဘဝကို နင်းခြေ ဖျက်စီးကြတာတွေ...
စတဲ့ လောဘ ဒေါသ ဆိုးယုတ်မှုတွေကို မြင်ရမှာပါ...။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
(.သုံးအုပ်မြောက် The Inheritors စာအုပ်ကိုတော့ ကျွန်တော်မဖတ်ဖူးသေးပါဘူး......။)
ဆရာမြပြောဖူးတဲ့ ရပ်စကင်းရဲ့စကားလိုပဲ စာအုပ်တစ်အုပ်မှာ ပါနေတာက ရွှေချည်းပဲလည်း မဟုတ်ဘူး။ ကျောက်ဖြန်းတွေချည်းပဲလည်းမဟုတ်ဘူး..။
စာအုပ်တစ်အုပ်ဖတ်တဲ့အခါ ကိုယ့်အတွက်မလိုအပ်တဲ့ ကျောက်ဖြန်းတွေကိုပယ်ပြီး ကိုယ်အတွက် အကျိုးရှိစေမယ့် အဖိုးထိုက်တန်ကိုရွှေကိုသာ မြင်ပြီးယူတတ်ရမယ်..။
အားလုံးပဲနားရက်လေးမှာ ဘဝအတွက် အကျိုးရှိစွာအသုံးချနိုင်ကြပါစေ...
စေတနာဖြင့်...💝
Zwe Khant Thu🦁
3:35 PM
21.4.2020
Stay Home ကာလ..။
Subscribe to:
Post Comments (Atom)
ခေတ်ပျက်ခြင်း စနစ်ပျက်ခြင်း
" ခေတ်ပျက်ခြင်း" "စနစ်ပျက်ခြင်း" ~~~~~~~~~~~ 🍁 ~~~~~~~~~~ "ခေတ်ပျက်တယ်" ဆိုတာ မဟုတ်တာ လုပ်တဲ့ လူတွေ ကြီးပ...
-
လူရယ်လို့ ဖြစ်လာရင် ကြောက်ခြင်းတရား နဲ့ ကင်းတဲ့သူမရှိပါ။ လူတိုင်းကြောက်ဖူးကြတယ်။ ဒါဆို အောင်မြင်တဲ့ သူနဲ့ ရှုံးနိမ့်တဲ့သူ ဘာကွာသွားသလဲလို ...
-
Book review 1️⃣ ဟာရိုရော်ဘင်၏ ရုပ်ရှင် အစအလယ်မျက်မှေက် ခေတ်သုံးခေတ် အကြောင်း ဘာသာပြန် စာအုပ်များ...။"ဟာရိုးရော်ဘင် သည် ရုပ်ရှင်လောက ရုပ်ရှင်တိုင်းပြည် မှ ရုပ်ရှင်လူမျိူးများ အကြောင်းကို စာအုပ်သုံးအုပ်ရေးသားခဲ့သည် ...."📓📔📕 ••••...
-
"Apple ဖခင် Steve Jobs၏ မိန်းမပိုးနည်း" Steve Jobs ဟာ apple ကုမ္ပဏီကို စတင်တည်ထောင်ပြီး ကမာ္ဘ ပထမဆုံး ပါစင်နယ် ကွန်ပျူတာ ကို ထ...
No comments:
Post a Comment