Friday, August 7, 2020

ခေတ်ပျက်ခြင်း စနစ်ပျက်ခြင်း

 "ခေတ်ပျက်ခြင်း"  "စနစ်ပျက်ခြင်း"

 ~~~~~~~~~~~ 🍁 ~~~~~~~~~~

"ခေတ်ပျက်တယ်" ဆိုတာ 

မဟုတ်တာ လုပ်တဲ့ လူတွေ ကြီးပွားနေပြီး

ဟုတ်တာလုပ်တဲ့ သူတွေ နိမ့်ကျနေကြတာ...


"စနစ်ပျက်တယ်" ဆိုတာ 

လူမှုအဖွဲ့အစည်းတစ်ခုအတွင်းမှာ

မဟုတ်တာလုပ်ရတာ လွယ်ကူပြီး

ဟုတ်တာလုပ်ဖို့ ခက်ခဲနေတာ....


"ခေတ်ပျက်ရင် စနစ်ပါပျက်သလို

စနစ်ပျက်ရင်လည်း ခေတ်ပါ ပျက်တော့တယ်"


"ခေတ်ပျက်ခြင်းရဲ့ ဆိုးဝါးချက်က

မျိုးဆက်သစ်တွေဟာ

မဟုတ်တဲ့ နည်းနဲ့ အလုပ်ဖြစ်နေတဲ့သူတွေကို

အားကျပြီး တုပကြခြင်း က အဆိုးဆုံးပဲ"


ဒီအဆိုနဲ့ ပတ်သက်ပြီး 

သောမတ်ဂျက်ဖာဆင် သုတေသနအဖွဲ့က

အဖြေရှာကြရာမှာ ...


၁၇၇၆ ခုနှစ်ဝန်းကျင် အမေရိကန်မှာ 

အမေရိကန်တွေရဲ့ ကိုယ်ကျင့်တရားက

အင်မတန်မြင့်မားခဲ့ဖူးတယ်။

( အဲဒီခေတ်အခါ ဝါရှင်တန်၊ 

ဂျက်ဖာဆင်နဲ့ အဒမ်တို့လို

ကိုယ်ကျင့်တရား မြင့်မားတဲ့

ခေါင်းဆောင်တွေ ထွက်ရှိခဲ့ပါတယ်)

အဲဒီခေတ် အမေရိကန် ပညာရေးသင်ရိုးရဲ့

၉၀%ဟာ ကိုယ်ကျင့်တရားနဲ့

ဘာသာရေး အဆုံးအမတွေ ဖြစ်နေခဲ့တယ်။

၁၉၅၀နောက်ပိုင်းမှာတော့ 

ပညာရေးသင်ရိုးဟာ 

သိပ္ပံနဲ့ နည်းပညာဖက်ကို

ဦးစားပေးလာခဲ့ပြီး

အမေရိကန်ရဲ့ ကိုယ်ကျင့်တရားဟာလည်း

ပိုပြီးအားနည်းသွားခဲ့တာကို

တွေ့ရှိခဲ့ပြီးနောက်

"ခေတ်ပျက်ခြင်း" နဲ့"စနစ်ပျက်ခြင်း"ကို 

ပညာရှိများက အခုလိုဖွင့်ဆိုခဲ့ကြခြင်းဖြစ်သည်

ဟု ဆိုကြသည်။


~~~~~~~~~~~~~

( လက်ရှိ မြန်မာပြည်မှာဆိုရင်လည်

ယခုခေတ်အခါမှာ ပွဲစားဆိုရင်

တချို့က အဓိပ္ပါယ် တစ်မျိုးကောက်တတ်ကြပါတယ်။

အရင်ခေတ်က မန္တလေးမှာ ပွဲစားကြီးဆိုရင်

အင်မတန် ယုံကြည်စိတ်ချရသူလို့

အဓိပ္ပါယ် ဖွင့်ခဲ့ကြပါတယ်။

အလှူမှတ်တမ်းတွေမှာဆိုလည်

ပွဲစားကြီး ဘယ်သူလို့

ဂုဏ်ယူစွာ အမည်တပ်မှတ်တမ်းတင်ခဲ့ကြတယ်။)


စီးပွားရေး ဘက်မှ ကြည်လျှင်

အရင်တုန်းက Business Ethicဘာသာရပ်ကို

MBAသင်ရိုးတွေရဲ့

အရန်ဘာသာအဆင့်ပဲရှိခဲ့ပါတယ်။

ယနေ့မှာတော့ ဟာဗက်အပါအဝင်

ထိပ်တန်းစီးပွားရေး ကျောင်းတောင်ကြီး

တွေရဲ့ MBA သင်ရိုးမှာ

ပင်မဘာသာရပ်ကြီး ဖြစ်လာနေပါတယ်။

(ဒီလိုဖြစ်လာခဲ့ရခြင်းက 

ကမာ္ဘမှာ ဆန်းသစ်ဖန်တီးနိုင်အား

အကောင်းဆုံးဆု ၁၉၉၆ကနေ ၂၀၀၁ခု နှစ်ထိ

ခြောက်နှစ် ဆက်တိုက် ရရှိခဲ့တဲ့

Enronကုမ္ပဏီကြီးဟာ ၂၀၀၁ခု နှစ်မှာပဲ

စာရင်းလိမ်လည်မှု အရှုပ်တော်ပုံကြီးကြောင့်

ပြိုကွဲပျက်စီးခဲ့ရသော ဖြစ်ရပ်ကြီးဖြစ်ပြီးနောက်

ကမာ္ဘပညာရှင်တွေက

စီးပွားရေး လုပ်ငန်းမှာ ကိုယ်ကျင့်တရားရဲ့

အရေးပါပုံကို မျက်ဝါးထင်ထင်နားလည်ခဲ့ခြင်းကြောင့်ဟုဆိုကြသည်။)


ဒါနဲ့ပတ်သက်ပြီး ယူနီလီဗာ ကုမ္မဏီ ဥက္ကဌကြီး

Woodroofe ကို သတင်းထောက်က

"စီးပွားရေး လုပ်ငန်းကို ဦးဆောင်သူတစ်ဦးရဲ့

နံပါတ် တစ် အရည်အချင်း ကဘာလဲ"

လို့ မေးခဲ့ရာမှာ

"ဖြောင့်မတ်တည်ကြည်မှု" ပါလို့

တိုတိုတုတ်တုတ် ဖြေခဲ့ပါတယ်....။


တဖြည်းဖြည်းနှင့်

ခေတ် စနစ် စီးပွားရေးများ၌

တခေတ်တခါကလို

ကောင်းမြတ်တဲ့ စံပြပုဂ္ဂိုလ်(Role model)တွေ

ပေါပေါက်လာအောင် ပံ့ပိုး ကူညီရေး၊

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောက်ရှောက်ရေးစတဲ့ သင်ခန်စားတွေ ရေပန်စားလာလျက်ရှိပါသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~♥

ရိုးသားမှု၏ မူလအစ

"လူတစ်ယောက်ဟာ သူတစ်ပါးအပေါမှာ

ကိုယ်ကျင့်တရားနဲ့အညီ

မဆက်ဆံမီမှာ မိမိကိုယ်ကို

ရိုးသားဖို့ သစ္စာစောင့်သိဖို့က

အဓိကပါ။

(ကိုယ်ကျင့်တရား ပျက်ရတာက

မိမိကိုယ်ကို လိမ်ညာခြင်းကနေ

စတာပါပဲ။)

~~~~~~~~~~~~~~~~♥


Zwe Khant Thu

11:45 PM

No comments:

Post a Comment

ခေတ်ပျက်ခြင်း စနစ်ပျက်ခြင်း

 " ခေတ်ပျက်ခြင်း"  "စနစ်ပျက်ခြင်း"  ~~~~~~~~~~~ 🍁 ~~~~~~~~~~ "ခေတ်ပျက်တယ်" ဆိုတာ  မဟုတ်တာ လုပ်တဲ့ လူတွေ ကြီးပ...