Tuesday, May 19, 2020

​ အကြောက်တရားကင်းသူဖြစ်ပစေ

  လူရယ်လို့ ဖြစ်လာရင် ကြောက်ခြင်းတရား နဲ့ ကင်းတဲ့သူမရှိပါ။ လူတိုင်းကြောက်ဖူးကြတယ်။ ဒါဆို အောင်မြင်တဲ့ သူနဲ့ ရှုံးနိမ့်တဲ့သူ ဘာကွာသွားသလဲလို မေးလာမယိ့ဆိုရင် သတ္တိဆိုတဲ့ စွမ်းရည် ကွာသွားခြင်ဖြစ်သည် ဟု ဖြေပရစေ။
   တော်တော် များများ ကတော့ သတ္တိနဲ့ရဲရင့်ခြင်းကိုတွဲသုံးကြတယ်။ တကယ်တော့ ကွဲလွဲမှုရှိတာကိုတွေရပါလိမ့်မယ်။ ရဲရင့်ခြင်းဆိုသည်မှာ သေရေးရှင်ရေး ဖြစ်နေချိန်
မှာ လျှပ်တပြတ် ဆုံးဖြတ်ချက်နဲ့ အများနဲ့မတူအောင် ဆောင်ရွတ်သွားသော တုံပြန် ချက်သာ ဖြစ်သည်။ သတ္တိ ဆိုသည်မှာ ဘာပဲကြောက်ကြောက် အဲဒီအကြောက်တရားကိုပျောက်အောင် လုပ်နိုင်သည် စွမ်းရည်ပင်ဖြစ်သည်။

      သင် ကြောက်နေသည့် ကိစ္စ တစ်ခုကို ဆောင်ရွက်လိုက်ပါ။
      ထိုအခါ ကြောက်စိတ် သေးဆုံး သွားသည်ကို မလွဲမသွေ့ တွေ့ 
      ရပါလိမ့်မည်။
                               ရောဘတ် အက်ဖ် ကနေဒီ (၁၉၂၅- ၆၈)

   ဘဝမှာ ကျွန်တော်တို့ကို နောက်တွန့်စေသည် အရာများစွာ ရှိပါသည်။ သွားနေကျ လမ်းကနေ သွေဖယ် ပီး အခြားလမ်းကသွားလိုရမှန်း သိလျက်နဲ့ မသွားခဲ့တဲ့ အချိန်တွေ၊ အများနဲ့ မတူတဲ့ အရာတွေ လုပ်ရင် လှောင်ခံရမှာဆိုလို နောက်ဆုတ်ခဲ့တဲ့ အကြိမ်ရေအတွက်တွေ၊ ထ နေတုန်းက အကောင်း ထသွားမှာကျိုး မှာကြောက်တဲ့ စိတ်နဲ့ ဟုတ်မှဟုတ်ရဲ့လား စွန့်စားတယ်ဆိုတာ စာအုပ်ထဲမှာပဲ ဖတ်လို့ကောင်းတာပါ အပြင်မှာ မလွယ်ပါဘူးဆိုပြီး ပုံမှန်အတိုင်း ဖြတ်သန်းနေတဲ့ကာလ တွေနဲ့ အပြောင်းအလဲကို ကြောက်ပြီး နောက်တွန့်နေခဲ့ကြတယ်။ 
      ဘာလို ကျွန်တော်တို့ နောက်တွန့်နေကြသလဲ
      အကြောင်းမှာ အန္တရာယ်ကင်းသည့်ဆိုသော ခံစားချက်ကြောင့်ပင်ဖြစ်သည်။
      ဤ အရာကို လူတိုင်း တွေကြုံခံစားခဲ့ရဖူးသည်။ တချို့သူတွေက ဤအရာကိုဖြတ်ကျော်ဖို့ နည်းလမ်းတွေရှာပြီး ကျော်ဖြတ်သွားကြသည်။
တချို့က နေမြဲ အတိုင်းနေသွားကြသည်။ ယင်း နေမြဲ က သူတို့အတွက် သက်သာမြဲ သက်သာစေမည့်ဟု ထင်လျက်ရှိကြသည်။ ...

အချိန်တန် အသက်တွေရသွားမှသာလျှင် ကွဲပြားမှု ကိုသိလာကြသည်။ သင်သည် ငယ်ရွယ်နေချိန်ဆိုလျှင် ကြောက်ခြင်းတရားကို ရင်ဆိုင်ကျော်ဖြတ်နိုင်သော သတ္တိကိုစနစ်တကျ မွေးမြူးပါ သင်သည် အောင်မြင်ခြင်သည်ဆိုလျှင် ဒီအချက်မှာ အခြေ ခံ အုတ်မြစ်ပင်ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ ငုပ်နေသောစွမ်းရည်အပေါ ထားရှိသော ယုံကြည်မှူက အားနည်းလာပေ့လိမ့်မည်။ 

 ထိုကြောင့် လက်ရှိ အချိန် လက်ရှိ မိနစ်က သင်အတွက် ရှေ့ဆတ်ရမည့် ဘဝတသက်တာရဲ့ အနုပျိုဆုံးနှင့် အသန်မာဆုံးသောအချိန်ဖြစ်၍ သင်အနေဖြင့် သင်ကြောက်စိတ်ကို အနိုင်ယူဖို့ စတင်ကြိုးစားပြီး ယနေ့အဖို့ သင်ရဲ့နေတစ်နေ့ ကို အကောင်းဆုံး ဆုပ်ကိုင်လိုက်ပါ။ဘဝနိဂုံချုပ် ချိန်တွင် သင်ကိုနောင်တရစေမည့် အရာများက သင်ရှုံးနိမ့်ခဲ့သည် ကိစ္စများအတွက်မဟုတ် သင်ပြုလုပ်ဖို့ဆန္ဒရှိပါလျက်နှင့် တကြိမ်တခါမျှ ကြိုးစားဖို့အားမထုတ်ခဲ့သောအရာ များသာ ဖြစ်နေသောကြောင့်ဖြစ်သည်။
      ထို့ကြောင့်နေရက်တိုင်းကို သင်ရဲ့ နောက်ဆုံးနေရက်တွေ အဖြစ်ရှင်သန်ပါ။ မနက်ဖြန်သာ သင်ရဲ့ ဘဝနိဂုံရက်ဖြစ်မည်ဆိုလျှင် သင် ဘာလုပ်မလဲ။ ကျိန်သေးပေါက် ကျုပ်ပြောရဲပါသည် ထိုအချိန် သင်အတွက် အရေးအပါဆုံး အရာများကို သင်လုပ်တော့မည် သင်ကြောက်နေသောအရာများ သင်အတွက် အရေးမပါတော့ပေ။ တခါတလေ ဘာမဟုတ်တဲ့ အသေးအဖွဲ့လေများကို ကျုပ်တို့စိတ်ကသာ အရေးတယူ ပုံကြီးချဲ့နေကြ၍သာ ပုံကြီးဖြစ်နေသည်။ ဒီနေ့သည် သင်ရဲ့နောက်ဆုံးရက်အဖြစ်သတ်မှက်ပြီး သင်ရဲ့ ကြောက်စိတ်ကို ဘေးဖယ်၍ သင် လုပ်ခြင်သော အရာများကိုသာ အာရုံစူးစိုက်ပါ။ အကောင်းဆုံးသာလုပ်ပါ ရှုံးတယ် နိုင်တယ်ဆိုတာ သင်ရဲ့ သတ်မှတ်ချက်သာ ဖြစ်သည်။ "လက်မလျော့လိုက်ပါနှင့် လက်လျော့လိုက်ပါက သင် ဘာမှဖြစ်မလာရုံသာ အဖတ်တင်လိမ့်မည်။  "
      စွန့်စားခန်းတွေ ရှိမှပဲ
      လူတွေက မိမိကိုယ်ကို ပိုပြီး သိလာကြတာ
       မိမိဘာဆိုတာကို ပိုပြီး ရှာတွေ့လာကြတာ 
                                         အန်ဒရဲ ဂျိုက်ဒ်
    သင်အနေနဲ့ ခရီးတခုသွားမည် ဆိုပါက သင် လိုအပ်သော အရာများ ရှိနေပါက သင်ဘယ်သွားသွား သင်ကို ယုံကြည်နေစေပါလိမ့်မည်။ ထိုအတူပင် သင်၏ ဘဝသည်လည်း ခရီးတစ်ခုသာဖြစ်နေပေသည်။ ထို့ကြောင့် သင်၏ ဘဝ ခရီးကို ရဲဝံ့စွာ အောင်အောင်မြင်မြင် ဖြတ်သန်းခြင်တယ်ဆိုရင် သင် မလုပ်နိုင်၊ သင်မတတ်နိုင်သော ကိစ္စမရှိဟုသော စိတ်ကိုမွေးထားရမည်ဖြစ်သည်။ သင်၏ စွမ်းဆောင်ရည်နှင့် လုပ်ရဲကိုင်ရဲ သတ္တိတွေက သင်ကို ဘေးအန္တရာယ်အမျိုမျိုး မှ အံတုပြီး အောင်မြင်မှုကို အလွယ်တကူ ဖမ်းဆုပ်ယူပေးပါလိမ့်မည်။ ထို့ကြောင့် သင်အနေဖြင့် အကြောက်တရားကင်းသူ ဖြစ်အောင် လေ့ကျင့်လိုက်ပါ။


Zwe Khant Thu
3:41 PM

Friday, May 15, 2020

Apple ဖခင် Steve Jobs၏ မိန်းမပိုးနည်း

"Apple ဖခင် Steve Jobs၏ မိန်းမပိုးနည်း"

Steve Jobs ဟာ apple ကုမ္ပဏီကို စတင်တည်ထောင်ပြီး ကမာ္ဘ ပထမဆုံး ပါစင်နယ် ကွန်ပျူတာ ကို ထီထွင်ခဲ့သူပါ..။

၁၉၈၅ခု နှစ် မှာ Jobs ဟာ သူတည်ထောင်ထားတဲ့ ကုမ္ပဏီက နေ မောင်းထုတ်ခံရသူပါ။ 
အဲအချိန် သူခံစား ချက်တွေ မှန်းဆကြည့်နိုင်ပါတယ်...။
ဒါပေ့မယ့် Jobs ဟာ ကြာကြာ လဲ မကျပါဘူး...
ခဏလေးအတွင်းမှာ သူဟာ ပြန်ထနိုင်ခဲ့သူပါ...။

တနေ့ Jobs ဟာ တက္ကသိုလ်ကျောင်းတစ်ခုရဲ့ ဟောပြောပွဲ တစ်ခု မှာ သူမ ကို စတွေခဲ့ပါတယ်..။
ဟောပြော ပွဲ ပြီးတော့ Jobs ဟာ သူမနဲ့ စကားစမြည်း ပြောပြီး ဖုန်းနံပါတ်တောင်းခဲ့ပါတယ်..။
တကယ်တော့ သူမကို အဲနေ့ညကို ညစာ စားပွဲ ဖိတ်​ ကျွေးခြင်းပေ့မယ့် အရေးကြီးတဲ့ အစည်းအဝေရှိလို့ မဖိတ်ခဲ့ရပါဘူး..။

ဒါပေ့မယ်​့ Jobs ဟာ အဲနေရာက မထမိ သူမေးနေကျ မေးခွန်းကို သူကိုယ့်သူ ပြန်မေးခဲ့တယ်...။


"ဒီနေ့ဟာ ငါရဲ့ နောက်ဆုံးနေ့ ဖြစ်ခဲ့မယ် ဆိုရင် ဒီနေ့မှာ  ငါ ဘာတွေလုပ်မလဲ..."

Jobsဟာသူကိုယ့် သူ အဲလိုမေးပြီး အဖြေ ချက်ချင်း ထုတ်ခဲ့တယ်။

ဟောပြောပွဲထဲ ပြန်သွားပြီး သူမကို ပြန်ရှာတယ်။
ညစာစားပွဲကို ဖိတ်တယ်..။
ညစာ အတူ စားဖြစ်ခဲ့ကြတယ်..။
အဲလိုနဲ့ Laurene Powell က သူရဲ့ ဇနီးမယား ဖြစ်လာခဲ့တယ်...။

Jobs က ဒီလို ဆိုခဲ့တယ်....
" ဘဝရဲ့ ဆုံးဖြတ်ချက် ကြီးကြီး ချ ခံနီးမှာ ကိုယ့်ကိုကိုယ့် သေတော့မယ် လို့ သတိပေးတတ်တယ်။ ဒါဟာ ကျွန်တော်သုံးခဲ့တဲ့ နည်းတွေ ထဲမှာ အရေးပါးဆုံးနည်းပဲ။ 
ဘာလိုလဲဆိုရင်.....
အရာရာတိုင်းမှာ ရှိသမျှ မျှော်လင့်ချက်တွေ၊ နံမည်ကောင်းတွေ၊ အခက်အခဲ တွေ ဒါမှ မဟုတ် ရှုံးနိမ့်ခြင်းရဲ့ ကြောက်ရွံမှု စတာတွေဟာ သေမင်းနဲ့ ရင်ဆိုင်ရချိန်မှာ ပျောက်ဆုံးကုန်တယ်..။
တကယ့်အရေးပါတာတွေပဲ ကျန်ရစ်ခဲ့တယ်...။"

" ကိုယ့် သေးဆုံးမယ်လို့ သတိပေးတာ ဟာ ကျွန်တော် သိသလောက် ကျဆုံးမှုထောက်ချောက်ထဲ တိုးဝင်ချိန် မကြောက်ရွံဖို့ တားဆီးပေးတဲ့ အကောင်းဆုံး နည်းလည်းဖြစ်တယ်.....
လူတွေဟာ မွေးလာတုန်းကလည်း ဘာမှ မပါကျသလို့...
သေဆုံးတဲ့အခါကျရင်လည်း ဘာမှ ယူသွားလို့မရဘူ...

ဒါကြောင့် ကိုယ်စိတ် အတိုင်း မဖြစ်ဘူးဆိုတာ မရှိဘူး..."

•••••••••••••••••••••••••••••••••••••••••••••••••••

ဒါကြောင့် ကျွန်တော်တို့လည်း စိတ် တည်တည်ငြိမ်ငြိမ်နဲ့ ကိုယ့်ကိုကိုယ့် ဒီနေ့ဟာ ငါရဲ့ နောက်ဆုံးနေ့ဆို ငါဘာလုပ်မလဲ....
ငါဘယ်လို နေမလဲ...
ဒါဟာ တကယ်ပဲ အရေးကြီးရဲ့လား...
တကယ်ကို မရှိမဖြစ်ရော့် ဟုတ်ရဲ့လား...

ကျွန်တော်ကြားဖူးတာကတော့...
တသက်မှာ ရက်နှစ်ရက်ပဲ ရှိတယ် တဲ့...အဲတာ ပထမ ဆုံး ရက်ရယ် နောက်ဆုံးရက် ရယ် တဲ့...။

ပထမဆုံး ရက်ဆိုတာ ပထမဆုံး ချိန်းတွေတဲ့ ရက်မှာ တစ်မိနစ် တစ်စက္ကန့် အစ တန်းဖိုးထားကြတယ်...။ ပထမဆုံး အလုပ်စလုပ်တဲ့ ရက် ရာထူးတိုးတဲ့ ရက်မှာ အတိုးတတ်ဆုံး အကောင်းမွန်ဆုံး လုပ်ဖို့ တတ်ကြွကြတယ်..။
ပထမဆုံးရက် တိုင်းမှာ ကျွန်တော်တို့ဟာ အသွက်လက်ဆုံး၊ အတတ်ကြွဆုံး၊ အင်အားအရှိဆုံး ပါ။

ပထမဆုံးရက် တိုင်းဟာ အင်အားအပြည်ဆုံး အတတ်ကြွဆုံး အောင်မြင်မှုကို အရယူပြီး .....နောက်ဆုံးရက်တိုင်းဟာ ကြောက်ရွံမှု အကင်းဆုံး 
အတွယ်အတာ ကင်းစွာ ခံစားချက်တွေကို ကောင်းကောင်းထိန်းချုပ်ပြီး အနှစ်သာရကို ဆုပ်ကိုင်နိုင်မှာပါ....။

တသက်မှာ ရှိတဲ့ နေ့တိုင်း မှာရက်နှစ်ရက် အဖြစ် အကောင်းဆုံး အသုံးချ နိုင်ပြီး ဘဝရဲ့ အောင်မြင်မှု  တန်းဖိုးရှိရှိ ပျော်ရွှင်မှုများကို ပိုင်ဆိုင်နိုင်ကြပါစေ....။

စေတနာဖြင့် 
Zwe Khant Thu
15.5.2020

Ref: Share.youthwant.com

ခေတ်ပျက်ခြင်း စနစ်ပျက်ခြင်း

 " ခေတ်ပျက်ခြင်း"  "စနစ်ပျက်ခြင်း"  ~~~~~~~~~~~ 🍁 ~~~~~~~~~~ "ခေတ်ပျက်တယ်" ဆိုတာ  မဟုတ်တာ လုပ်တဲ့ လူတွေ ကြီးပ...