Friday, March 27, 2020

ဘီလ်ဂိတ်✴ ပြောပြသော ကိုရိုနာက ပေးသော ဘဝအတွက် အသိတရားများ📋📋📋✴
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ကမ္ဘာ့မှာအချမ်းသာဆုံးပုဂ္ဂိုလ် ဘီလ်ဂိတ် (64 နှစ်က) ကို မသိသူမရှိပါဘူး...။ သူက ယခုဖြစ်နေသော
ကိုရိုနာဗိုင်းရပ် ကာကွယ်တိုက်ဖျက်ရေးအတွက်
ဒေါ်လာ 85 သန်းလှူပါခဲ့ပါတယ်။
"အောင်မြင်သူတွေဟာ အဆိုးဆုံးအခြေအနေမှာတောင် အကောင်ဆုံးသောအရာတွေကို မြင်အောင်ကြည်တတ်ရှုမြင်တတ်ကြပါတယ်"✴

တိုင်းပြည်မရွေး လူတန်စားမရွေးဖြစ်ပွားနေသော ကမာ္ဘ ကပ်ရောဂါကြီး အပေါ် ဘီလ်ဂိတ်က ခုလိုပြောပြပါတယ်..

အရေးကြီးတဲ့ သင်ခန်းစာတွေပေးဖို့
ကိုရိုနာဗိုင်းရပ်စ်က ရောက်လာတာဖြစ်ပါတယ်။ ဒါကို ဘယ်လိုယူမလဲ မယူဘူးဆိုတာကတော့ ကျွန်တော်တို့အပေါ်ပဲ မူတည်တာပါတယ်။

✴သူအနေနဲ့ ကတော့✴

1️⃣ ကိုရိုနာဗိုင်းရပ်က ဘာသာ လူမျိုး အလုပ်အကိုင်
ကြွယ်ဝမှု ကျော်ကြားမှု မခွဲခြားပါဘူး။

2️⃣.လူတစ်ဦးနဲ့ တစ်ဦးက ဆက်နွယ်နေတာပါ
တစ်ယောက်ဖြစ်ရင် နောက်တစ်ယောက်လည်း ဖြစ်နိုင်တာပါ။

3️⃣.ကျန်းမာရေးက အဖိုးတန်ပါတယ် ဂရုစိုက်ရမှာ အသေအချာပါ။

4️⃣. ဘဝက တိုတောင်းပါတယ်။
အိုမင်းသူ နာမကျန်းသူတွေကို ကူညီကြပါ။

5️⃣.ရုပ်ဝတ္ထုတွေ မမက်ပါနဲ့။ ဇိမ်ခံပစ္စည်းထက်
အစားအစာ၊ရေ နဲ့ ဆေးဝါးက ပိုလိုအပ်တာပါ။

6️⃣.မိသားစုက အရေးကြီးပါတယ်။
အိမ်မှာနေတုန်း
မိသားစုကို ခိုင်မြဲအောင် တည်ဆောက်ပါ။

7️⃣.အသက်မွေးဝမ်းကျောင်း အလုပ်အပြင်
တစ်ဦးကို တစ်ဦး စောင့်ရှောက်၊ ကာကွယ်
အကျိုးပြုတဲ့ အလုပ်ကိုလည်း လုပ်ပါ။

8️⃣.မာနတွေ အတ္တတွေ မကြီးပါနဲ့။
ကိုယ်က ဘယ်လောက်ပဲ ကြီးမြတ်ပါစေ
ဗိုင်းရပ်စ်တစ်ခုက လောကကြီးကို
အဆုံးသတ်ပစ်နိုင်ပါတယ်။

9️⃣.ကိုယ့်ဆီမှာ စွမ်းအားတွေ ရှိပါတယ်။

🔟.အတိတ်မှာ ကပ်အများကြီး ဆိုက်ခဲ့ဖူးပါတယ်။
သတိနဲ့နေပါ
ကြောက်​တာက
အကောင်းထက် အဆိုးပဲ ဖြစ်နိုင်တယ်။

1️⃣1️⃣.ကမ္ဘာကြီးက ဖျားနာနေလို့ လူတွေ ဖျားနာကြတာပါ
ကမ္ဘာကြီးကျန်းမာအောင် သစ်တောတွေ ပြန်စိုက်ပါ။
လေထု ရေထု သန့်ရှင်းအောင် လုပ်ပါ။

1️⃣2️⃣.မုန်တိုင်းပြီးရင် လေပြည်လာမှာမို့
ကြောက်စရာ မလိုဘူး။

1️⃣3️⃣.ကိုရိုနာက လူတွေကို မှန်ကန်စွာ တွေးတတ်
နေတတ်အောင် အမှားပြင်ပေးဖို့ ရောက်လာတာပါ။
#BillGates
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

အကြောင်းရှိလို့ အကျိုးဆိုတာ ဖြစ်လာကြတာပါ။ အဆိုးဆုံးသောအရာတွေ မှာ အလင်းလက်ဆုံးတန်းဖိုးတရားတွေကို မြုပ်နှံထားတတ်ကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ကိုယ်ထိန်းချုပ်လို့မရတဲ့ အရာတွေကို ကိုယ်ထိန်းချုပ်ရတဲ့ စိတ်ဓာတ်ခွန်းအားတွေနဲ့ ကျော်ဖြတ်ကြရမှာပါ...။

အတူတူ တကွ လူပီသတဲ့ အသိတရားတွေနဲ့ လှပသော နှလုံးသားတွေ ကိုမွေးမြူပြီး အတ္တတွေ ဒေါသလောဘ တွေကို ဘေးဖယ်ကာ မေတ္တာ တရားနဲ့ တူတူ ရင်ဆိုင်ဖြတ်ကျော်ကြအောင်....။✴

အမြန်ဆုံး ငြိမ်းချမ်းပြီး ပြန်လည်ကျန်မားလာတဲ့ ကမာ္ဘ ကြီးဆီကို ကျွန်တော်တို့ အားလုံး အတူတကွ  သွားကြအောင်....
ဆန္ဒပြုလိုက်ပါတယ်✴

#ZweKhantThu
(26.3.2020)
11:59PM

No comments:

Post a Comment

ခေတ်ပျက်ခြင်း စနစ်ပျက်ခြင်း

 " ခေတ်ပျက်ခြင်း"  "စနစ်ပျက်ခြင်း"  ~~~~~~~~~~~ 🍁 ~~~~~~~~~~ "ခေတ်ပျက်တယ်" ဆိုတာ  မဟုတ်တာ လုပ်တဲ့ လူတွေ ကြီးပ...