"မြန်မာပြည့်ရောက် #တရုတ်သမ္မတရှီးကျင်းပင် ၏ လောကဓံကိုကျော်ဖြတ်အောင်မြင်ခဲ့သော
#သူ့ဘဝသူ့ဗျူဟာ..." ☯
(Zwe Khant Thu)📖
************************************************
ယနေ့ မြန်မာပြည်ကိုချစ်ကြည်ရေးခရီးရောက် သမ္မတ ရှီးကျင်းပင်ဟာ လောကဓံ ခြိမ်းခြောက်မှု (Threat) ကို စိတ်ဓာတ်အားသာချက် ( Strength)ဖြင့် အနိုင်ယူနိူင်ခဲ့သော တရုတ်သမ္မတ ကြီး တစ်ယောက်ဖြစ်ပါတယ်။
တရုတ်သမ္မတ ကြီး ရှီးကျင်းပင် ဟာ ဒုဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး တစ်ဦးရဲ့ သားဖြစ်သဖြင့် ငယ်စဥ်ကတည်းက မကြောင့်မကြနေထိုင်ခဲ့ရသူပါ။
ဒါပေ့မယ့် လောကဓံက ရှီ ဆီကို သူ့အသက်၁၅ နှစ်မှာ မုန်တိုင်းထန်စေခဲ့ပါတယ်။ သူဖခင်ဟာ ပါတီတွင်း ပဋိပက္ခတွေမှာ အရေးနိမ့်ခဲ့တဲ့အတွက် ထောင်ကျခဲ့ပါတယ်။မိဘ နှစ်ပါးနှင့်အတူ ရှီကိုပါ ထောင်ကျစေခဲ့ပါတယ်။ အသက်မပြည့်သေးတဲ့ ရှီကို တော့ အင်မတန်ဝေးလံ့ ခေါင်းခိုက်တဲ့ ရွာတစ်ရွာဆီ ပြစ်ဒဏ်ကျ လုပ်အားပေး စေလွှတ်ခံခဲ့ရပါတယ်။ ရောက်ကာစ ရွှေထီးဆောင်းဘဝ ကနေ စားစရာနေစရာမရှိ ဘဝသို့ ရောက်ခဲ့သော အပြောင်းအလဲ ဒဏ်ကိုသာမက အကျဥ်းကျ မိဘတွေအတွက်လည်း စိုရိမ်းလွမ်းဆွတ် ဒဏ်တွေကြောင့် စိတ်ဓာတ်ကျ ဆောက်တည်ရာမရဖြစ်ခဲ့တယ်။
နောက်ဆုံးမှာတော့ ရှီ ဟာ ကိုယ်မထိန်းချုပ်နိုင်တဲ့ ခြိမ်းခြောက်မှုတွေကို ကိုယ်ထိန်းချုပ်နိုင်တဲ့ စိတ်ဓာတ်အင်အားနဲ့တွန်းလှန်းဖယ်ရှားဖိုး ဆုံးဖြတ်ခဲ့တယ်။
သူ့ဘဝရဲ့ တာဝန် ကိုပြောင်းလဲလိုက်တယ်။
ပထမဆုံး1️⃣ သူကိုယ်သူ လုပ်အားပေးအမည်ခံ အကျဥ်းသားဘဝကနေ ပရဟိတသမား အဖြစ် စိတ်ကိုပြောင်းလဲခံယူလိုက်သည်။
ဒုတိယ2️⃣ အနေနှင့် ရွှေထီးဆောင်း ငယ်ဘဝကို အိတ်တမလွန် အောင် စည်းပိုင်းခြားလိုက်သည်။
တတိယ3️⃣ အနေဖြင့် အဝေးရောက် အကျင်းကျ မိဘတွေအပေါ လွမ်းဆွတ်တဲ့ စိတ်ကို တန်းဖိုးရှိတဲ့စာတွေကို ဖတ်ရင်းဖြေဖျောက်ခဲ့တယ်။
စတုတ္တအနေဖြင့်4️⃣ ဒုက္ခမုန်တိုင်း တွေ ဘယ်လောက်ပင် ခက်ထန်နေပါစေ တစ်ရက်ပညာတတ်ကြီး ဖြစ်ရမယ့်ဆိုတဲ့ သူရဲ့ပန်းတိုင်ကို မယိမ်းယိုင်အောင်ပြုလုပ်ခဲ့တယ်.....။
ခံယူချက်ပြောင်းလဲလိုက်သော ရှီ မှာဦးစွာ စိတ်ခွန်းအား များဖြင့် နွားချေး ကျုံး ထမံဖောက် ဆည်ဖို့ မြေထမ်း စတဲ့ အလုပ်ကြမ်း တွေကို ကြိုးပမ်း လုပ်ဆောင်ပါတော့ တယ်။ ဒီလို ဘဝကို ပြောင်းလဲ ပစ်နိူင်တဲ့ ရှီ အပေါ် ရွာသားတွေရဲ့ အမြင်ဟာ ပြောင်းလဲ လာခဲ့ပါတယ်။ ရပ်ရွာကိစ္စတွေကို ရှီ ထံ အကြံဉာဏ် တောင်းခံလာကြသည်။ ဒီလိုနဲ့ ကျေးရွာ ပါတီ ခေါင်းဆောင် တင်မြှောက်ခံရသည်။
ကျေးရွာခေါင်းဆောင်လေ ရှီ ဟာ ဆင်းရဲလှတဲ့ ရွာ ကလေးတိုးတတ် ရေးအတွက် တရစပ်ကြံဆပါတော့တယ်။ စိုက်ပျိုးမြေ့ တိုးချဲ့ခြင်း စိုက်ပျိုးရေးရရှိရေး၊ ရေတိုက်စားမှု ကာကွယ်ရေးကိစ္စမှာ ပူးပေါင်းပါဝင်လာအောင် ပညာပေးစည်းရုံးနိုင်ခဲ့ပါသည်။ ရွာမှာရှိ လက်မှု လုပ်ငန်းကလေး တွေကိုလည်း အသေးစား သမအသင်း လေးတွေဖြစ်အောင် ထူထောင်ခဲ့သည်။ စိုက်ပျိုးရေး စရိတ်ချေးငွေရရှိရေး မွေးမြူရေးနဲ့ ဆင်းရဲမှုတိုက်ဖျက်ရေးကိစ္စတွေမှာ အရွယ်နဲ့မမျှအောင် ဆောင်ရွက်ခဲ့သည်။ မကြာမီ ရှီ ဟာ စံပြလူငယ်ဆု ချီးမြှင့်ခံခဲ့ရပါတယ်။ သူဆုရ ခဲ့တဲ့ ဆိုင်ကယ်လေးကို ရောင်းပြီး ကျေးရွာအတွက် လိုအပ်မဲ့ ရေစက်စုပ်စက်တွေ၊ မီးစက်တွေနဲ့လဲ လိုက်ပါတယ်။
ဒီလိုနဲ့ စာပေကိုမပြတ်လေ့လာရင် ရပ်ရွားအကျိုးကို သယ်ပိုးခဲ့တာ ၇ နှစ်ကြာမှာတော့ သူဆန္ဒဟာ ပြည့်ဝလာခဲ့ပါတော့တယ် တတက္ကသိုလ် တတ်ခွင့်အကြောင်းကြာစာ ရရှိပြီးသူရွာကို နှုတ်ဆက်ချိန်မှာတော့ ရွာကတစ်ရွာလုံး ငိုယိုကြပါတယ်။
ဒါပေ့မယ့် တက္ကသိုလ်တတ်ရင် အားလျက်ရက်ကို ရွာကိုပြန်ပြီးတော့ လျှပ်စစ်မီးနဲ့ တံတား စာသင်ကျောင်း တွေရရှိဖို့ ကူညီလိုက်ပါသေးတယ်။
ဒီလိုဖြတ်သန်းရင် ဆင်ဟွာ တက္ကသိုလ်ပ အင်ဂျင်နီယာဘွဲ့ ရရှိခဲ့ပါတယ်။
ဘဝရဲ့ခါးသီးတဲ့လောကဒဏ် လှိုင်းတံပိုးတွေကနေ အပြုံးမပျက်ရုန်းထွက် နိုင်ခဲ့တဲ့ ရှီကို ကြမ္မာရိုင်းတွေက အရှုံးပေးလိုက်ရပါတော့တယ်။ သူဘွဲ့ရပြီးချိန်မှာပဲ ကွန်မြူနစ်ပါတီမှာ အပြောင်းအလဲဖြစ်လာပြီး သူ့ဖခင် တို့ အုပ်စု ဟာ ပြန်လည် နေရာ ရလာခဲ့ပါတယိ။ ပါတီ လူကြီးတွေကလည်း အနစ်နာခံခံပြီး ရိုးသား ကြိုးစားတဲ့ ရှီ ကို အထူး ယုံကြည်ခဲ့တယ်။
ကျေးလက်အကျဥ်းစံ ကာလ ကို ဘဝ တက္ကသိုလ်မှာ လို့ ခံယူမှတ်သားခဲ့တယ် ရှီကို နိုင်ငံရဲ့ ဖွံ့ဖြိုးမှု အနည်ူဆုံးဒေသတွေကို ရွှေးချယ်တာဝန်ပေးခဲ့တယ်။ အောက်သက်ကြေခဲ့တဲ့ ရှီ ဟာ ရောက်လေရာ အရပ်မှာ လယ်သမားတွေရဲ့ ဆင်ရဲသားတွေရဲ့ နှလုံးသားကို သိမ်းပိုက်ပြီး တစ်သားတည်းနေထိုင်နိုင်ခဲ့တယ်။ပါတီအတွင်း နံမည်ရလာတဲ့ ရှီ ဟာ နိုင်ငံရဲ့ အထူးဒေသ တွေပါ တာဝန်ပေးခံရလာတယ်။ ဒီလိုတာဝန်ကြီးတွေ ကြားကနေ ရှီဟာ ဥပဒေ ဒေါက်တာဘွဲ့ ကို ဆွတ်ခူးလိုက်ပါတော့တယ်။
ဒီလိုနဲ့ ရှီ ဟာ ပါတီဗဟိုကော်မတီ ဝင် တစ်ဦးဖြစ်လာခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာတော့ ရှန်းဟိုင်းပါတီ အကြီအကဲ ဖြစ်လာပါတယ်။ ရှန်ဟိုင်းပါတီ အကြီအကဲ ဘဝမှာ ဒေသခံ အရာရှိကြီးတွေ အတွက်ပေးထားတဲ့ အထူးအခွင့်အရေး ကို နိုင်ငံတော်သို့ ပြန်အပ်နှံ ခဲ့ရုံသာမက ဒေသ ပါတီရဲ့ ပျက်ပြားနေတဲ့ ညီညွတ်ရေးကို ရင်ကြားစေ့ပေးနိုင်ခဲ့ပါတယ်။
ဒီလို နံမည်ကောင်းတွေ ရလာတဲ့ ရှီ ဟာ ရှန်းဟိုင်း မှာ ၇လပဲ နေခဲ့ရပြီး ၂၀၀၇ ခုနှစ်မှာတော့ ပါတီပေါလစ်ဗျူရို အဖွဲ့ဝင်ဖြစ်လာပါတော့တယ်။
ဒီလိုနဲ့...
👏၂၀၀၈ ခုနှစ် မှာ ဒု သမ္မတ....။
👏၂၀၁၃ ခုနှစ်မှာ တော့ တရုတ်ပြည်ရဲ့ သမ္မတ ဖြစ်လာခဲ့ပါတော့တယ်.......။
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ဘဝ မှာ ကိုယ် က အားနည်း ရတဲ့အထဲ လောကဓံ ကပါ ခြိမ်းခြောက်မှုတွေ ကြုံ့တွေ့ရပြီဆို ဘဝပျက်ဖို့ပဲ ရှိပါတော့တယ်...။👣
(*အားနည်းချက် နဲ့ ခြိမ်းခြောက်မှု ကို ကြိုတင်ချိတ်ဆက် ဆန်းစစ်ရာမှာ ဆက်သွယ်ရေးနည်းပညာ လုံခြုံရေးဘာသာရပ်တွေမှာ ဖော်ပြထားတဲ့
"Cyber threat analysis" နည်းဟာ အင်မတန် အကွက်စေ့လှပါတယ်..။*)
အားနည်းချက်☯ + အခွင့်အလမ်း ===> တိုက်စစ်အသွင်ကုတ်အား
အားနည်းချက်☯ + ခြိမ်းခြောက်မှု ===> ခံစစ်အသွင်ဆောင်ကုတ်အား
(ကုတ်အား☯ = သူတစ်ပါး အင်အား ကို မှန်မှန်ကန်ကန် ရယူအသုံးချခြင်း)
ဒီနေရာမှာ ကွားခြား တာကတော့ အခွင့်အလမ်း ပေါ် လာချိန် ပူးပေါင်းချက်သူများပေ့မယ့် ကိုယ်မှာ ခြိမ်းခြောက်မှု ကြုံလာချိန်မှာ တော့ ရဲဘော် ရဲဘက် ပမာ လက်တွဲ ချင်သူ ရှာပါတယ်။
ဒါကြောင့် အခက်အခဲ ခြိမ်းခြောက်မှု ပေါ် လာရင် ရယူနိုင်မဲ့ ပြင်ပအင်အားအရင်းအမြစ် တွေကို ကြိုတင်စီမံထားဖို့ လိုအပ်ပါတယ်။
အနည်ဆုံးအဆင့်အနေနဲ့ မိမိဒုက္ခ ရောက် ရင် အကြံဥာဏ်ပေးနိုင်မဲ့ မိတ်ကောင်း ဆွေကောင်း တွေနဲ့ ကွန်ရက်ဖွဲ့ထားဖို့ လိုအပ်ပါတယ်...။
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
*ရှီ ဟာ သူဘဝ ခြိမ်းခြောက်မှုကို သူအားနည်းချက် စိတ်ဓာတ်ကျဆင်းမှုနဲ့ ထိပ်တိုက်မတွေ့အောင် ဖြစ်နေတာတွေ အပေါ် အာရုံမစိုက်ပဲ ဖြစ်ခြင်တာတွေ အပေါ် ဦးတည်ထားပြီး သူစိတ်ကို အရင်ပြောင်းလဲခဲ့ပါတယ်။🏅
*သူရဲ့ စိတ်ဓာတ်ကျခြင်း ပင်မ အကြောင်းအရာ အတိတ် ကို တမ်းတလွန်းခြင်းကို ဆန်းစစ်ပြီး ကိုယ်ပိုင် စည်းကမ်းသတ်မှတ်ခဲ့ပါတယ်..။🥇
*ပြင်ပအင်အား အရင်အမြစ် အဖြစ် ခွန်အားရှိသော စာပေတွေကို အဖော်ပြုပြီး သူ၏စိတ်ခွန်အားနဲ့ ဉာဏ်အင်အားကိုအသုံးပြုပြီး ဘဝကပေးတဲ့ အခက်အခဲကို အတွေအကြုံအဖြသ် အသူံးချကာ အောက်သက်ကြေသော ဘဝ ကနေ အောက်ခြေ လူတန်စား တွေရဲ့ နှလုံးသားကို သိမ်းပိူက်နိုင်ခဲ့ခြင်းဟာ ရှီ ၏ သမ္မတ လျှောက်လမ်းကို များစွာ အထောက်အကူဖြစ်စေခဲ့ပါတယ်..။🏅
💎 အခွင့်အလမ်း တွေက ကိုယ် ကြိုတင်ပြင်ဆင်ရင် ကံကောင်းခြင်းတွေ လက်ဆောင်ပေးမှာပါ။
💎ခြိမ်းခြောက်မှုတွေက ကိုယ် ကြိုတင် ပြင်ဆင်မကာကွယ်ရင် ဘေးဒုက္ခ ဆိုးတွေ ပေးမှာပါ။
🎯သာမန်လူတွေကတော့ အရာရာ ကို ခံစားချက် အစွဲအလမ်းတွေနဲ့ တုန့်ပြန်တတ်ပေမဲ့......
🎯ဗျူဟာသမားကတော့ မိမိရဲ့ ဦးတည်း ချက်ကို မပျက်စေလဲ ရွေးချယ် ဆောင်ရွက် ခဲ့ကြတာပါ။
💕(ရှီ ဟာ ဗျူဟာဆိုတဲ့ ရွတ်လှေ စီးပြီး ဘဝခရီးမှာ တိုက်ခတ်လာတဲ့ လောကဓံ လေစီးကြောင်းကို ပြောင်းလို့မရပေမဲ့ မိမိရဲ့ ရွက် ကိုတော့ အလိုက်သင့် လှည့်ပေးနိုင်ခဲ့တာပါ...။)☮
ဒါဟာ ရှီ တင်မကပါဘူး လောက မှာ အောင်မြင်တဲ့ လူတိုင်းဟာ လူ ဖြစ်သဖြင့် လောကဓံ ကို ကြုံတွေ့ခဲ့ကြတာပါ။
လူပီပီ သူတို့ ပြောင်းလဲလို့မရတဲ့ လောကဓံ ( ခြိမ်းခြောက်မှုတွေကို) ပြောင်းလဲရှောင်လွှဲ ထိန်းချုပ်လို့မရပေ့မယ့် သူတို့ပြောင်းလဲထိန်းချုပ်လို့ရတဲ့ စိတ်ခွန်းအား(အားသားချက်) အဖြစ် ပြောင်းလဲ နိုင်ခဲ့လို့ သာမန်လူတွေထက် သာစေခဲ့တာပါ..။
ဒါဟာ အောင်မြင်သူတွေ ဘဝအခက် အခဲ (ခြိမ်းခြောက်မှု) ကို သူတို့ပင်မစိတ် ခွန်းအား (အားသာချက်) နဲ့ ပြောင်းလဲခဲ့တဲ့ ဗျူဟာ တွဲလုံးတစ်ခုဖြစ်ပါတယ်...။
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ဘဝအခက်အခဲတိုင်းကို အောင်မြင်ကြပါစေ....☯
#ZweKhantThu💝
#Life_And_Success📖
(18.1.2020)💎
နေလည် ၂နာရီ ၃၂မိနစ် 🌈
Thursday, March 26, 2020
Subscribe to:
Post Comments (Atom)
ခေတ်ပျက်ခြင်း စနစ်ပျက်ခြင်း
" ခေတ်ပျက်ခြင်း" "စနစ်ပျက်ခြင်း" ~~~~~~~~~~~ 🍁 ~~~~~~~~~~ "ခေတ်ပျက်တယ်" ဆိုတာ မဟုတ်တာ လုပ်တဲ့ လူတွေ ကြီးပ...
-
လူရယ်လို့ ဖြစ်လာရင် ကြောက်ခြင်းတရား နဲ့ ကင်းတဲ့သူမရှိပါ။ လူတိုင်းကြောက်ဖူးကြတယ်။ ဒါဆို အောင်မြင်တဲ့ သူနဲ့ ရှုံးနိမ့်တဲ့သူ ဘာကွာသွားသလဲလို ...
-
Book review 1️⃣ ဟာရိုရော်ဘင်၏ ရုပ်ရှင် အစအလယ်မျက်မှေက် ခေတ်သုံးခေတ် အကြောင်း ဘာသာပြန် စာအုပ်များ...။"ဟာရိုးရော်ဘင် သည် ရုပ်ရှင်လောက ရုပ်ရှင်တိုင်းပြည် မှ ရုပ်ရှင်လူမျိူးများ အကြောင်းကို စာအုပ်သုံးအုပ်ရေးသားခဲ့သည် ...."📓📔📕 ••••...
-
"Apple ဖခင် Steve Jobs၏ မိန်းမပိုးနည်း" Steve Jobs ဟာ apple ကုမ္ပဏီကို စတင်တည်ထောင်ပြီး ကမာ္ဘ ပထမဆုံး ပါစင်နယ် ကွန်ပျူတာ ကို ထ...
No comments:
Post a Comment