Thursday, March 26, 2020

#ခေါင်းဆောင်မှုCဆယ်လုံး   
🔟 C Leadership☑ Skill🔺🔻
%
1️⃣ သိလိုစိတ်ပြင်းပြမှု (Curiosity)

ခေါင်းဆောင် တစ်ယောက်အနေနဲ့ ကိုယ်လုပ်မယ့် အကြောင်အရာမျိုးမှာ အစစအရာရာ ပြည်စုံဖို့ထက် "မြင်အောင်ကြည့်တတ်ဖို့၊ ဖြစ်မြောက်အောင် အကောင်အထည်ဖော် တည်ဆောက်ပြီး လုပ်ဆောင် တတ်ဖို့" လိုအပ်ပါတယ်။ ထိုသို့ ဖြစ်လာဖို့ဆိုရင် မျက်စိဖွင့် နားစွံ ပြီး အမြဲ သိလိုစိတ် ပြင်းပြနေဖို့ ကြိုးစားရပါလိမ့်မယ်...။

2️⃣ ဆန်းသစ်မှု (Creativity)

အရာရာ ဟာ အမြဲပြောင်းလဲနေတာပါ..။ ဒီသဘောတရားကို နားလည်း တဲ့ ခေါင်းဆောင် တစ်ယောက်အနေနဲ့ အမြဲသူစိတ်ထဲမှာ ဆန်းသစ်ထီထွင် မှုကို ဆာလောင်နေတဲ့ ခြသေ့်တစ်ကောင်လို  ရှာဖွေ ကြံဆ နေဖို့ကလည်း အရေးကြီးလှပါတယ်..။

3️⃣ ဆက်သွယ်ဆောင်ရွက်မှု (Communication)

နောက်လိုက်မရှိပဲ့ ခေါင်းဆောင်းမဖြစ်နိုင်သလို network မရှိတဲ့ business က အောင်မြင်မလာနိုင်ပါဘူး...။ ဒါကြောင့် ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဆက်သွယ် ရေး ပေါင်းစည်းရေး တည်ဆောက်ပြီး ပူးပေါင်းဆောင်ရွက်တတ်ရေး စတဲ့ အရည်အချင်းမျိုးက မရှိမဖြစ် ပျိုးထောင်းပေးရပါလိမ့်မယ်...။

4️⃣ အကျင့်စာရိတ္တကောင်းမွန်မှု  (Character)

လူတစ်ယောက် ရဲ့ အရှိန်အဝါဆိုတာ အဲဒီ လူတစ်ယောက်ရဲ့ စာရိတ္တအင်းအားပါ...။ ခေါင်းဆောင်းကောင်းတစ်ယောက်ရဲ့ ဥပဓိခန့်ညားမှုဟာ ထိုခေါင်ဆောင်းရဲ့ အကျင့်သိက္ခာရဲ့ ရောင်ပြန်ဟပ်မှုတွေ များစွာပါရှိပါတယ်..။ နောက်လိုက်တွေ ယုံကြည်အားကိုးဖို့ လမ်းပြနေရသူ တစ်ယောက်အနေနဲ့၊ ပြောင်းလဲမှုကို ဦးဆောင်နေတဲ့ leaderတစ်ယောက် အနေနဲ့ သူရဲ့ အကျင့်စာရိတ္တကောင်းမွန်မှုက ထိုခေါင်းဆောင်းရဲ့ အသက်ပါပဲ...။

5️⃣ သတ္တိရှိမှု (Courage)

ဦးဆောင်မှုကို စတာနဲ့ သတ္တိ ဆိုတာ တွဲပါလာရမယ့်အရာပါ..။ သမိုင်းအစဥ်အလာမှာကြည့်ကြည့် သတ္တိမရှိပဲ ခေါင်းဆောင်ဖြစ်မလာခဲ့သလို ဖြစ်လာခဲ့ရင်လည်း ခေါင်းဆောင်ကောင်းမမည် ပါဘူး...။
ခေါင်းဆောင်း တစ်ယောက်ရဲ့ သတ္တိ ဆိုတာ မှောင်နေတဲ့ အခန်းထဲက ဖယောင်းတိုင်မီးစကလေးလို အလင်းရောင်းကို ကူးစက်ပြီး ထုိအလင်းအင်းအားနဲ့ အမှောင်ထုကိုဖြိုခွင်းရမှာပါ..။ ဒါကြောင့် ခေါင်းဆောင်း တစ်ယောက်ရဲ့ သတ္တိ က သူအဖွဲ့ ရဲ့ အင်းအားပါ...အလင်းရောင်ပါ..။

( "သုိးတစ်ကောင် ဦးဆောင်တဲ့ ခြသေ့် တစ်ဖွဲ့ထပ် ခြသေ့် တစ်ကောင်ဦးဆောင်တဲ့ သိုးတစ်ဖွဲ့ က ပိုကြောက်ဖို့ကောင်းပါတယ်" ဆုိတဲ့ စကားလိုပါပဲ...သတ္တိမရှိတဲ့ သိုးတစ်ကောင်ဖြစ်နေရင်တော့ ခေါင်းဆောင်ဖြစ်ဖို့ မထိုက်တန်ပါဘူး...။)

6️⃣ အပြစ်ဖြစ်ရင် ခံယူရဲတဲ့သတ္တိရှိမှု(Conviction)

သတ္တိရှိတဲ့ ခေါင်းဆောင်တစ်ယောက်က ဘယ်တော့မှ နောက်က မနေပါဘူး...။ နောက်က နေနေရင်လဲ ခေါင်းဆောင်လို မခေါ်ထိုက်ပါဘူး။ သူပင်ကိုစိတ်ကိုက အခွင်အရေး မယူတတ်ပါဘူး..။ ကိုယ့်အဖွဲ့သားကို အပြစ်ပုံချ လက်ညိုးထိုးပြီး သူရမယ့် ဆုလာဘ် ထပ် သူအပြစ်လို့ခံယူပြီး သူရမယ့် ပြစ်ဒဏ်က သူကို ပိုပြီး မြင့်မြတ်စေပါတယ်.. စိတ်ပိုကျေနပ်ပြီး ရဲ့ရင့်စေပါတယ်။ ဘာလို့လဲဆိုရင် သူတို့က ရှက်တတ်လို့ပါ..အရှက်တရားရှိလို့ပါ။သူတို့က အခက်အခဲပြသာနကို မကြောက်တတ်ပါဘူး..။ သတ္တိ ရှိရှိကျော်ဖြတ်နိုင်စွမ်းအပြည့်ရှိတယ် လို့လဲ ယုံကြည်နေတဲ့အတွက် ဘယ်တော့မှ အပြစ်ဖြစ်လာရင် ခံယူရဲတဲ့ သတ္တိ အပြည့်ရှိပါတယ်။ဒါကြောင့်လည်း သူတို့ရဲ့ တာဝန်ယူတာဝန်ခံ မှုတွေကြောင့် သူတို့ကပိုပြီးမြင့်မြတ်လာကြတာပါ...ပိုပြီးတောက်ပလာကြတာပါ။

7️⃣ လူအများ၏ချစ်ခင်လေးစားနိုင်မှု(Charisma)

ခေါင်းဆောင်းကောင်း တယောက်က လူတွေကို အကြောက်တရားနဲ့ မအုပ်ချုပ်ပါဘူး...။သူတို့က သူလူတွေရဲ့ အကြောင်းကို ကောင်းဖို့ အမြဲစဥ်းစား လုပ်ဆောင်နေသူမို့ သူတိုရဲ့စေတနာတွေကြောင့် လူအများရဲ့ ချစ်ခင်လေးစားမှုကို အမြဲခံရပါတယ်..။
လူတွေရဲ့ ချစ်ခင်မှုကို ခံရတဲ့ ခေါင်းဆောင်းတွေက ပိုပြီးအောင်မြင်ကြပါတယ်..။

8️⃣ ကျွမ်းကျင်လိမ္မာမှု (Competent)

ကျွမ်းကျင် လိမ္မာမှုက ခေါင်းဆောင်တစ်ယောက်အတွက် မရှိမဖြစ် လက်နက်ပါ...။ သူကျင်လည်ရမယ့် နယ်ပယ် သူဦးဆောင်းရမယ့် အဖွဲ့အစည်း သူအကောင်အထည်ဖော်ရမယ့် ဖြစ်စဥ်တွေကို အခြေအနေအချိန်အခါ အလျောက် ပါးပါးနပ်နပ် ကျော်ဖြတ်ဖို့ သူရဲ့ ကျွမ်းကျင်လိမ္မာမှု တွေကို ကောင်းကောင်းအသုံးချတတ်ဖို့က ခေါင်းဆောင်တစ်ယောက်ရဲ့ အတတ်ပညာတစ်ခုပါ။

9️⃣ လက်တွေ့ကျကျတွေးတတ်မှု (Common
 Sense)

တွေးကြည့်တာ ပြေးကြည့်တာထပ် မှန်တယ်ဆိုတာ လက်တွေ့ကျကျ တွေးတတ်လို့ပါ။ ခေါင်းဆောင်းတစ်ယောက် အနေနဲ့ လက်တွေ့ကျကျ တွေးတတ်ဖို့က အရေးကြီးပါတယ်..။သူရဲ့လက်တွေ့ကျကျ အတွေးက သူအဖွဲ့အစည်းရဲ့ ရလဒ်ပါ သူအဖွဲ့သားတွေရဲ့ အားထားရာလမ်းပြတစ်ခုမို့ ခေါင်းဆောင်တစ်ယောက်ရဲ့ လက်တွေ့ကျကျ တွေးတတ်မှုက သူအဖွဲ့အစည်းရဲ့ မီးအိမ်တစ်ခုလိုပါပဲ..။

🔟 အကျဉ်းအကျပ်ထဲကနေ ဖောက်ထွက်နိုင်မှု  (Crisis)

ခေါင်းဆောင်တစ်ယောက်ရဲ့ အဓိက တာဝန်တစ်ခုပါ။ ဘယ်လိုအခြေအနေမျိုးမှာ မဆို သူအဖွဲသားတွေ ရှေ့ မားမားရပ်တည်ပြီး သူတို့ပန်းတိုင်းအတွက် ဘယ်လိုအခြေအနေ မျိုးမှာမဆို မရရအောင် ဖောက်ထွက်နိုင်ခြင်းက ခေါင်းဆောင်းကောင်းတစ်ယောက်ရဲ့ ထူးခြားလှတဲ့ အရည်အချင်းပါ..။ ဘယ်လိုအခြေအနေမျိုးမှာ ဘယ်လိုထိန်းချုပ်ပြီး ဘယ်လိုဖောက်ထွက်ရမယ့် ဆိုတဲ့ သွေးနံရနေတဲ့ စစ်မြင်းတစ်ကောင် လို့ ပိတ်လှောင်ထားတဲ့ အတားအဆီးကို ဖောက်ထွက်ပြဖို​့ အားမာန်အပြည်ဖြစ်နေရပါလိမ့်မယ်..။ ဒီလို အခြေအနေမျိုးက သင့်ကို ဘယ်လိုခေါင်းဆောင်းမျိုးဆိုတာ ဆုံးဖြတ်ပေးမယ့် စာမေးပွဲ တစ်ခုပါပဲ..။

(ဒီ C10လုံးဟာ သင်ကို ဘယ်လိုခေါင်းဆောင်းမျိုးလဲ ဆိုတာ အကောင်းဆုံး သက်သေပြနိုင်မှုတွေပါ..။
ခေါင်းဆောင် ကောင်း တစ်ယောက် အတွက် ရာထူး ကြောင့် ဖြစ်တည်လာမှုထပ် သူရဲ့ ခေါင်းဆောင်စိတ်ဓာတ်နဲ့ အရည်းအချင်းကြောင့် ဖူးပွင့်လာတဲ့ နန်းထိုက်တဲ့ သဇင်ပန်းတွေလို ဂုဏ်ထည်ပြီး ဒါမှမဟုတ် တောအလယ်က ကေသရာဇာ တွေလို ရဲ့ရင်တဲ့ သတ္တိနဲ့ သူတို့ရဲ့ခေါင်းဆောင်း မှုအတွက် သူတို့ကိုသူတို့ အမြဲ အသင့်ရှိနေသူတွေပါ...။)

ခေါင်းဆောင်းကောင်းများဖြစ်ကြပါစေ..။

#ZweKhantThu
#C10leadership

No comments:

Post a Comment

ခေတ်ပျက်ခြင်း စနစ်ပျက်ခြင်း

 " ခေတ်ပျက်ခြင်း"  "စနစ်ပျက်ခြင်း"  ~~~~~~~~~~~ 🍁 ~~~~~~~~~~ "ခေတ်ပျက်တယ်" ဆိုတာ  မဟုတ်တာ လုပ်တဲ့ လူတွေ ကြီးပ...