🇲🇲.လူငယ်တွေ နိုင်ငံရေးမှာ အိပ်နေကြသေးလား1️⃣
"အမေရိကန်-တရုတ် ဗဟိုပြုနိုင်ငံရေးမဟာဗျူဟာ ပိုကျလာလေသလား....မြန်မာ🇲🇲
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စူပါ ပါဝါ ဖြစ်စေတဲ့ အခြေ ခံအကျဆုံးအချက်က စီးပွားရေးပါ။ စီးပွားရေး တောင့်တင်းလာတာနဲ့ စစ်ရေး၊နိုင်ငံရေး တွေကို တဆင့်ချင်း ချဲ့ထွင်သွားရင်နဲ့ စူပါပါဝါ ဖြစ်လာခဲ့ကြတာချည်းပါပဲ။
လက်ရှိ စီးပွားရေး အင်းအားတောင်တင့်လာတာ တရုတ်နိုင်ငံပါ တရုတ်နိုင်ငံချမ်းသားလာလေအမေရိကန်ကို စိန်ခေါ်လာနိုင်လေပါပဲ။ လက်ရှိ ကမာ္ဘ စီးပွားရေးဟာ အာရှဘက်ကိုစီးဆင်းနေလေတော့ တရုတ်နိုင်ငံရဲ့ နယ်နိမိတ်ချင် ထိစပ်ရာ မြန်မာနိုင်ငံရဲ့ အခြေအနေက စိတ်ဝင်စားးဖို့ ကောင်းသထက် ကောင်းလာပါပြီး...။
ဘာလိုလဲဆိုတော................။
အမေရိကန်သမ္မတိုင်း မဖြစ်မနေထမ်းဆောင်ရမယ့် တာဝန်တစ်ခုရှိပါတယ်။ အဲတာက အမေရိကန်ရဲ့ အဂ္ဂဗျူဟာ Grand strategy အရ ပြိုင်ဘက်ကို ထိန်းချုပ်ရေး ပျက်သုဥ်းရေး အတွက်လုပ်ဆောင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာ အမေရိကန် နှင့် တရုတ် အားပြိုင်မှုအတွက် ဗဟိုပြုပထဝီနိုင်ငံရေးအရ မဟာဗျူဟာ ပိုကျလာလေပါပဲ။
နိုင်ငံတွေရဲ့ ပထဝီဝင် တည်ရှိနေမှုကနေ ပထဝီစီးပွားရေး ပထဝီနိုင်ငံရေးဖြစ်လာမှုတွေကြောင့် ကမ်းရိုးတန်းသမုဒ္ဒရာ တွေဟာ နိုင်ငံတစ်ခုရဲ့ တိုးတက်ရာ တိုးတတ်ကြောင်း တွေ ဖြစ်လာပါတော့တယ်။
ဒါကြောင့် တရုတ်နိုင်ငံအနေ နှင့် ပင်လယ်ထွက်ပေါက်နှစ်ပေါက်ရှိပါတယ် ပစိဖိတ်ဘက်ကတစ်ပေါက်နဲ့ အိန္ဒိယ သမုဒ္ဒရာ ဘက် တစ်ပေါက်ဖြစ်ပြီး အိန္ဒိယ သမုဒ္ဒရာ ကိုတော့ မြန်မာနိုင်ငံ က တဆင့် ဖြတ်ထွက်မှ ရမှာပါ...။
တရုတ်တွေရဲ့ အနာဂတ်ရည်မှန်းချက် One Belt One Road မှာ ပိုးလမ်းကို အခြေပြု ရုရှာဘက်ရောက်တဲ့ ကုန်းတွင်းလမ်းကြောင်းရယ် String of Pearls ပုလဲသွယ် စီမံကိန်း မလက္ကာ ရေလက်ကြားကို အခြေပြု အရေးကြီးတဲ့ သမုဒ္ဒရာ ဘက်ကထွက်တဲ့လမ်းတို့ပဲ ဖြစ်တယ်။( အိန္ဒိယ သမုဒ္ဒရာ ဘက်အခြမ်းမှာတော့ ဟောမုဒ် စ် ရေလက်ကြား က အဓိက ကျပါတယ်)
ဟောမုဒ် ရေလက်ကြားကို ကာကွယ်ဖို့ ပါကစ္စတန်ဂွာဒါကမ်းခြေ မှာ ရေတပ်စခန်း တည်ဆောက်ထားပြီးဖြစ်ပါတယ်။ နောက်ထပ် မိုင်၁၀၀ လောက်အကွာကPagni မှာလည်း အခြေစိုက်စခန်း တည်ဆောက်ခဲ့ပါတယ်။ သီရိလက်ာမှာ လည်း ဆိမ်ကမ်းတစ်ခု တည်ဆောက်ပြီး သီရိလက်ာ နဲ့ စစ်ရေးပူပေါင်းဆောင်ရွတ်ဖို့ စာချုပ်ချုပ် သဘောတူညီထားနိုင်ခဲ့ပါတယ်။
ထိုအပြင် ဘဂ်လားဒေ့ရှ် စစ်တကောင်မှာလည်း ဆိပ်ကမ်း တည်ဆောက်နိုင်ခဲ့ပြီးမို့ မြန်မာနိုင်ငံက ဖောက်ထွက်တဲ့ ကျောက်ဖြူဆိပ်ကမ်း တစ်ခုတည်ဆောက် နိုင်ခဲ့ပြီးရင်တော့ တရုတ်အနေနဲ့ အတော်လေးပြည်စုံသွားပါပြီး..။
(ဒါကြောင့်နိုင်ငံရေးလေ့လာသူ အများစုဟာ တရုတ်ဟာ မြစ်ဆုံ စီမံကိန်းကို အယောင်ပြထိုးကျွေးပြီး လူတွေကို အာရုံလွှဲကာ နောက်ကွယ်က ကျောက်ဖြူဆိမ်ကမ်းကို အရယူဖိူ့ အသုံးချနေတာလားဆိုပြီး ဆောင်းပါးတချို့တွေမှာ ဖော်ပြရေးသားကြပါတယ်..။)
ဒါကိုအမေရိကန်လည်းသိတယ်ဆိုတာ တရုတ်ကလည်းသိပါတယ်။ ဒါကြောင့် ဗျူဟာတိုင်မှာ အရံ အစီအစဥ်တွေ ကြိုထည့်ပြီးသားပါ။
သည်နေ့ သဘေ်ာတွေ အများအပြား ဖြတ်သန်းနေတဲ့ မလက္ကယရေလက်ကြားကို ပိတ်ဆို့လိုက်ပြီးဆိုရင်တောင် တရုတ်အတွက် အစီအစဥ်တစ်ခုရှိနေနိုင်တဲ့ အခြေအနေပါ။
အဲတာက မလက္ကာရေလက်ကြားကို ပိတ်ဆို့ ခဲ့ရင် မြန်မာနိုင်ငံ အမြီးပိုင်းအဆုံး ထိုင်းနဲ့ ဆက်စပ်နေရာကနေ တူးမြောင်းဖောက်နိုင်ခဲ့မယ် ဆိုရင် တရုတ် အနေနဲ့ ထွက်ပေါက် တခု ရရှိသွားမှာပါ။
ဒါကြောင့် တူးမြောင်းပေါက်နိုင်ဖို့ မြန်မာဟာ တရုတ်အတွက် အရေးပါတဲ့ ပထဝီနိုင်ငံရေးစီးပွားရေး အရ ဗျူဟာကျနေခြင်း ဖြစ်နေပါတယ်။
(အဲဒီ တူးမြောင်းတာ ဖောက်နိုင်ခဲ့ရင် ဘယ်သဘေ်ာ မှ မလက္ကာ ရေလက်ကြားက မသွားကြလို့ စင်ကာပူ စီးပွားရေး ထိပြီး ထိုင်းနဲ့ မြန်မာစီးပွားရေးကောင်း လာမယ်လို့ သုံးသပ်ကြပါတယ်။)
ပြောရရင် အိန္ဒိယဘက်ထွက်ပေါက် ကဖြစ်စေ၊ ပစိဖိတ်ဘက်က လှည့်လာတဲ့ ရေလမ်းကြောင်းကဖြစ်စေ၊ မြန်မာအမြီးပိုင်းက တူးမြောင်းဖောက်နိုင်ခဲ့ရင် ဖြစ်ပါစေ မြန်မာဟာ တရုတ်အတွက် အရေးပါတဲ့ နေရာမှာ တည်ရှိနေပါတယ်။
ဘာကြောင့်လဲဆိုရင် တရုတ်စွမ်းအင်ရဲ့ လိုအပ်ချက် ၈၀% ဟာ တောင်တရုတ်ပင်လယ်က ဖြတ်ပြီး တင်သွင်းနေတာကြောင့် တရုတ်တွေ အတွက် အင်မတန် အရေးကြီးလှပါတယ်။ ဒါကြောင့်တောင်တရုတ် ပင်လယ်ရဲ့ အငြင်းပွားမှုတွေဟာ တရုတ်အနာဂတ်နဲ့ အများကြီး သက်ဆိုင်ပါတယ်။ အရေးအကြောင်း ပေါ် လာလို့ အဲဒီက ပိတ်ဆို့လိုက်ရင် တရုတ် စီးပွားရေး တဟုန်တိုး ထိုးကျလာနိုင်ပါတယ်...။
ဒါကြောင့် ဖောက်ထွက်ရမယ့် တရုတ် အတွက်ကော ပိတ်ဆို့ရမယ့် အမေရိကန် အတွက်ပါ မြန်မာနိုင်ငံဟာ ဘာကြောင့် အရေးပါလဲဆိုတဲ့ အကြမ်းဖျင်း မြင်ကွင်းပါ ဒါတောင် ကုန်းတွင်း လမ်းကြောင်းကြီးမပါသေးပါဘူး...။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဒါကြောင့် အခြေစိုက်စခန်း ယူခြင်းနေကြတဲ့ အင်အားကြီးနိုင်ငံတွေကြားမှာ နိုင်ငံ ခေါင်းဆောင်းတွေရဲ့ ဆုံးဖြတ်ချက်တွေဟာ အင်မတန်အရေးကြီးလှပါတယ်။ ဒါကြောင့် စစ်မှန်တဲ့ ခေါင်းဆောင်းကိုလည်း လိုလားနေကြတာပါ..။
သမိုင်နောက်ကြောင်းပြန် ကြည့်ရင်လည်း လက်နက်ကိုင်တွေထဲမှာ အင်အားအကြီးဆုံး ဖြစ်တဲ့ ဗကပတွေကို မော်စီတုံးလက်ထက်က အကြီးအကျယ်ပံ့ပိုး ပေးခဲ့ပေမဲ့ ချုအင်လိုင်း တိန့်ရှောက်ဖိန် လက်ထက်မှာ ပထဝီနိုင်ငံရေး ကိုပိုမြင်ခဲ့တာကြောင့် ဗကပ ကို မပံပိုးပဲ့ နှစ်နိုင်ငံနယ်စပ်ကြား ခံဖို့ "ဝ ၊ KIA ကိုးကန့် SSA"တွေကို ပိုမိုပံပိုးပေးခဲ့ပါတယ်။ ကိူယ်ပိုင်ပြည်နယ်အဆင့် တောင်းခံ တွေနဲ့ကိုယ်ပိုင်ပြည်နယ် တချို့ရရှိခဲ့တာတွေရှိလာတဲ့အခါ နောက်ဆက်တွဲ စဥ်းစားစရာတွေများလာခဲ့ပါတယ်။ ဘယ်လိုမှ ခွဲမထွက်ပါဘူး ပြောနေပါစေ မိုက်လုံးကြီးတဲ့ခေါင်းဆောင်တစ်ဦးလက်ထက်မှာ ခွဲထွက်သွားနိုင်ပါတယ်။
ဒါပေ့မယ့်...
ကိုယ်ပိုင်ရပ်တည်ဖို့ ခက်ခဲပါတယ်။
တရုတ်ဘက်ကို ပူးပေါင်းဖို့ ဆိုရင်လည်း တရုတ်ကလည်း ကြားခံအဖြစ်ထားထားတဲ့သဘောအရပဲ ရှိနေနိုင်ပါလိမ့်မယ်....မြန်မာထဲက ခွဲထွက်ပြီး တရုတ်ဘက်ပါသွားခဲ့ရင် မြန်မာအနေ ပြန်တိုက်ယူရမှာပါ။ မြန်မာက စီးပွားရေးလမ်းကြောင်းဖြတ်ပြီး တခြား ဖြတ်သုံးဖြတ်နဲ့ ဆိုရင်လည်းကောင်း၊ တခြား အဆင့်သင့်ကူညီခြင်းနေတဲ့ နိုင်ငံနဲ့ လက်ဝါးချင်းရိုက်ပြီး ပိတ်ဆို့မှုတွေ လုပ်လိုက်ရင်လည်းကောင်း တရုတ်အနေနဲ့ အနီးကပ် ခြိမ်းခြောက်မှု ဖြစ်သွားနိုင်တာမို့ တရုတ်အနေနဲ့က လည်း အဲလောက် မိုက်လုံး ကြီးမယ် မထင်ပါဘူး..။
ဒီ အတွက်လူငယ် တွေ ဘယ်လောက်အမြင်ကျယ် ဖို့လိုနေပြီးလဲ❓❓❓
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဒီလို ပထဝီ နိုင်ငံရေးအရ အရေးကြီးနေသလို
ပထဝီ စီးပွားရေးအရလည်း ထိပ်သီးနိုင်ငံကြီးတွေရဲ့ ဗဟိူပြုပထဝီမဟာဗျူဟာ ကျ နိုင်ငံ အနေနဲ့ ဖြစ်သော မြန်မာနိုင်ငံ မှာ Gen Zလို့ ခေါ် တဲ့ မျိုးဆက်က အများဆုံးပါ။( Gen Z ဆိုတာနောက်ဆုံး မျိူးဆက် အသက်၆နှစ်က ၂၄နှစ် အထိရှိသော လူငယ်မျိုးဆက်ဖြစ်ပြီး မြန်မာ ပြည်မှာ ၁၇သန်း ရှိသော အများဆုံး မျိူးဆက် ဖြစ်ပါတယ်။)
ဒါဟာ လူသားအရင်းအမြစ် ကံအကောင်းဆုံးဖြစ်သော်လည်း မြန်မာလူငယ်တွေ အနေနဲ့ နိူးထဖို့ များစွာလိုအပ်နေပါပြီး...။
(.ဒီ Gen Zကြောင့် နိုင်ငံခြား စီးပွားရေးတွေ မြန်မာပြည့်ကို မျက်စိကျခြင်း အချက်တချက်ပါ။)
အစကရေးသားခဲ့ သလို စီးပွားရေးဟာ အာရှဘက်စီးဝင်လာတာနှင့်အမျှ မြန်မာပြည်အနေ နှင့် ပြည်ပစီးပွားရေးအခွင့်အလမ်းကောင်းတွေ များစွာပေါ်ထွန်းလာမှာပါ။
မြန်မာနိုင်ငံ ရဲ့ ၂၀၂၀ ဖြစ်လာနိုင်တဲ့ စီးပွားရေး အရ ခုဖြစ်တဲ့ ကပ်ရောဂါတွေကြောင့် ဂျပန်ဟာ တရုတ်ကနေ ဘီလီယျံများစွာသော လုပ်ငန်းတွေကို အခြားနိုင်ငံကိုပြောင်းရွေ့တော့မှာပါ။( ဒါပေ့မယ့် မြန်မာနိုင်ငံရဲ့ ခိုင်မာတဲ့အကာအကွယ်ဥပဒေတွေ အားနည်းနေတာ ဆုံးရှုံးမှုတစ်ခုပါ။)
ဆရာ ဦးကျော်လှိုင် ဥပမာ ပြခဲ့သလို ရေကန်ကြီး ခမ်းခြောက်လာလို့ ရေရအောင်လုပ်ကြသလိုပဲ..
ပထမနည်း ရေကန်ဘေးမှာ ရေတူးကြမလား ..။
ဒုတိယနည်း ရေကန်ကြီးကို ကျောက်ခဲတွေထည့်ပြီး ရေကိုအပေါ ရောက်စေမလား။ ရေသာ အပေါရောက်ခဲ့တယ် ရေကနည်းနေတုန်းပါပဲ..။
(ဒါ အရင်က လုပ်ဖူးပါတယ် လူတစ်စုစာ ကို စီးပွာရေးတိုးတတ်အောင်လုပ်ပေးလိုက်ရင် ကျန်သူတွေ ချမ်းသားမယ်ဆိုတဲ့ ခရိုနီအကွက်တွေပါ)
တတိယ အချက်ကတော့ ရေကန်ထဲ ပိုက်တွေ နဲ့ ရေဖြည့်မလား..။ ( အခြား နိုင်ငံခြား ရင်းနှီးမြုပ်နှံ ငွေကြေး လည်ပတ် မှုပါ)
ယခု တတိယ အချက် ကို လုပ်ဆောင်နေပြီး ဖြစ်သဖြင့် ၂၀၂၀ မှာစီးပွားရေး ကောင်းလာဖို့များစွာ တပန်းသာလာပါပြီး..။
ဥပမာ-
လူဦးရေ ၅၄သန်း အိမ်ထောင်စုပေါင်း ၁၁သန်း ရှိသော မြန်မာပြည် ၂၀၁၉မှာ ၅၀%
မီးရနေပြီးဖြစ်ပါတယ်။ ၂၀၃၀မှာ ရာနှုန်းပြည့် မီးရဖို့ မိဂါဝပ် ၅၀၀လုိပါတယ် ၁မီဂာဝပ်ရဖို့ USA1သန်းလု်ပါတယ် ဖြန့်ဖို့ နောက်ထပ် တစ်သန်းလိုပါတယ်။
ဒါကြောင့် မိဂါဝပ် ၅၀၀အတွက် USAသန်းတစ်ထောင် လည်ပတ်ရမှာပါ။
နောက်တစ်ခု ရေနံဆိုရင် ၂၀၂၀ မှာ ကမ်းလွန်းရေနံ၃၁တွင်း ကုန်းတွင်း ရေနံ၂၂တွင်း နိုင်ငံခြား ကုမ္ပဏီတွေက တူးဖော်မှာဖြစ်ပြီး ကမ်းလွန်းရေနံတစ်တွင်း အတွက်ဆို အနည်းဆုံး သန်း ၂၀မှ သန်း ၆၀ လိုအပ်ပါက ပျမ်းမျှ သန်း၃၀ နဲ့ တွင်း၃၀ တူးရင်တောင် USA သန်း၉၀၀ ဝန်းကျင်း လည်ပတ်လာမှာပါ။
(.မြန်မာနိုင်ငံရဲ့ အဓိက နိုင်ငံဝင်ငွေက သဘာဝသယံဇာတ က ရတာပါ။)
ခုဆို စတော့ရှယ်ယာ တွေ အနေနဲ့ နောက်ထပ် ခုနှစ်ထဲမှာ ကုမ္ပဏီ ဆယ်ခု စာရင်းဝင်ဖို့ ရှိပါတယ်။ နောက်နိုင်ငံခြား ကုမ္ပဏီ တွေထပ်ဝင်လာမယ့်ဆိုရင် စတော့ရှယ်ယာဟာ အကောင်းဆုံး စတင်ဖို့ အခြေ အနေကောင်းပါ။
Eစီးပွားရေးတွေ အနေ ကြည်မယ်ဆိုရင် Gen Zတွေ အတွက် အထူးအခွင့်အရေးပါ။ လက်ရှိ မြန်မာပြည့်ရဲ့ eစီးပွားရေးဝင်ငွေမှာ တစ်နှစ်ကို USA 6သန်းကျော်ပဲရှိပါသေးတယ်။ အိမ်နီးချင်း ထိုင်းတောင် တစ်နှစ်ကို USAသန်းတစ်ရာ အထက် မို့ လက်ရှိအခွင့်အရေးကောင်းကို အရယူသင့်ပါတယ်။
ကုန်ထုတ်လုပ်မှု အနေနှင်ဆိုရင် မြန်မာ အထည်ချုပ်က အထည်ရောင်းရငွေ ၂၀၁၈- ၁၉ မှာ အမေရိကန်ဒေါလာ ၂ဘီလီယံ ရရှိပါတယ်။ လက်ရှိ သီလဝါ မှာဆိုရင်လည်း နိုင်ငံခြား စက်ရုံ ၁၄၃ခုကျော်စတင်လည်ပတ်နေပါပြီး။
ဒီလို ၂၀၂၀ မှာ စတင်ဖွံဖြိုးလာတဲ့ စီးပွားရေးပေါင်းများစွား လည်ပတ်ဖို့ဆိုရင် မြန်မာလူငယ်ပေါင်းများစွာ လိုအပ်နေပါပြီး...။
ဒီအတွက် လူငယ်တွေ ဘာတွေပြင်ဆင်ကြမလဲ..❓❓
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
တဖတ်က ပထဝီ နိုင်ငံရေး တဖတ်က ပထဝီ စီးပွာရေး အရ အရေးပါပြီး စိန်ခေါ်မှု များစွာ ခြိမ်ခြောက်မှု များစွာ ကပ်ရောဂါကြီး တွေကြောင့် ယိုင်းလဲလာမှုတွေကြောင့် အပြောင်းအလဲများစွာကြားက မြန်မာနိုင်ငံရေး စီးပွားရေး ၂၀၂၀ အလွန်မှာ များစွာ စိတ်ဝင်စားဖို့ ကောင်းသထက်ကောင်းနေပါပြီး....။
Stay Home ကာလတွေမှာ....
ပိုမိုတိုးတတ်ကြပါစေ...။
ZweKhantThu
၁၂နာရီ ၅၅မိနစ် နေလည်။
၂၉ရက် ၄လပုိင်း ၂၀၂၀။
(နုိင်ငံရေး စီးပွားရေး စစ်တမ်းတချို့နှင့် ဆောင်းပါးများမှာ ကောက်နုတ် စုစည်းရေးသားခြင်းဖြစ်ပြီး အမှားအယွင်းပါရှိပါက မိမိ၏ စူးစမ်း လေ့လာမှု နှင့် ဗဟုသုတ အားနည်းခြင်းသားဖြစ်သည်။)
Subscribe to:
Post Comments (Atom)
ခေတ်ပျက်ခြင်း စနစ်ပျက်ခြင်း
" ခေတ်ပျက်ခြင်း" "စနစ်ပျက်ခြင်း" ~~~~~~~~~~~ 🍁 ~~~~~~~~~~ "ခေတ်ပျက်တယ်" ဆိုတာ မဟုတ်တာ လုပ်တဲ့ လူတွေ ကြီးပ...
-
လူရယ်လို့ ဖြစ်လာရင် ကြောက်ခြင်းတရား နဲ့ ကင်းတဲ့သူမရှိပါ။ လူတိုင်းကြောက်ဖူးကြတယ်။ ဒါဆို အောင်မြင်တဲ့ သူနဲ့ ရှုံးနိမ့်တဲ့သူ ဘာကွာသွားသလဲလို ...
-
Book review 1️⃣ ဟာရိုရော်ဘင်၏ ရုပ်ရှင် အစအလယ်မျက်မှေက် ခေတ်သုံးခေတ် အကြောင်း ဘာသာပြန် စာအုပ်များ...။"ဟာရိုးရော်ဘင် သည် ရုပ်ရှင်လောက ရုပ်ရှင်တိုင်းပြည် မှ ရုပ်ရှင်လူမျိူးများ အကြောင်းကို စာအုပ်သုံးအုပ်ရေးသားခဲ့သည် ...."📓📔📕 ••••...
-
"Apple ဖခင် Steve Jobs၏ မိန်းမပိုးနည်း" Steve Jobs ဟာ apple ကုမ္ပဏီကို စတင်တည်ထောင်ပြီး ကမာ္ဘ ပထမဆုံး ပါစင်နယ် ကွန်ပျူတာ ကို ထ...
No comments:
Post a Comment