Friday, March 27, 2020

A Guide to a Rich Life: "​မြန်မာပြည့်ရောက် #တရုတ်သမ္မတရှီးကျင်းပင် ၏ လောကဓ...

A Guide to a Rich Life: "​မြန်မာပြည့်ရောက် #တရုတ်သမ္မတရှီးကျင်းပင် ၏ လောကဓ...: "​မြန်မာပြည့်ရောက် #တရုတ်သမ္မတရှီးကျင်းပင် ၏ လောကဓံကိုကျော်ဖြတ်အောင်မြင်ခဲ့သော #သူ့ဘဝသူ့ဗျူဟာ..." ☯ (Zwe Khant Thu)�� *********...

A Guide to a Rich Life: ��#ဘန်ဂျမင်ဖရန်ကလင်ရဲ့ ၂၀၂၀နှစ်သစ်လက်ဆောင်��=====...

A Guide to a Rich Life: ��#ဘန်ဂျမင်ဖရန်ကလင်ရဲ့ ၂၀၂၀နှစ်သစ်လက်ဆောင်��
=====...
: ��#ဘန်ဂျမင်ဖရန်ကလင်ရဲ့ ၂၀၂၀နှစ်သစ်လက်ဆောင်�� ===================================== ဒေါ် လာ၁၀၀တန် ပေါ် က BENJAMIN FRANKLIN ကိုမြင်ဖူးကြမှာပ...

A Guide to a Rich Life: ဘီလ်ဂိတ်✴ ပြောပြသော ကိုရိုနာက ပေးသော ဘဝအတွက် အသိတရ...

A Guide to a Rich Life: ဘီလ်ဂိတ်✴ ပြောပြသော ကိုရိုနာက ပေးသော ဘဝအတွက် အသိတရ...: ဘီလ်ဂိတ်✴ ပြောပြသော ကိုရိုနာက ပေးသော ဘဝအတွက် အသိတရားများ������✴ °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°° ကမ္ဘာ့မှာအချမ်းသာဆုံးပ...
ဘီလ်ဂိတ်✴ ပြောပြသော ကိုရိုနာက ပေးသော ဘဝအတွက် အသိတရားများ📋📋📋✴
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ကမ္ဘာ့မှာအချမ်းသာဆုံးပုဂ္ဂိုလ် ဘီလ်ဂိတ် (64 နှစ်က) ကို မသိသူမရှိပါဘူး...။ သူက ယခုဖြစ်နေသော
ကိုရိုနာဗိုင်းရပ် ကာကွယ်တိုက်ဖျက်ရေးအတွက်
ဒေါ်လာ 85 သန်းလှူပါခဲ့ပါတယ်။
"အောင်မြင်သူတွေဟာ အဆိုးဆုံးအခြေအနေမှာတောင် အကောင်ဆုံးသောအရာတွေကို မြင်အောင်ကြည်တတ်ရှုမြင်တတ်ကြပါတယ်"✴

တိုင်းပြည်မရွေး လူတန်စားမရွေးဖြစ်ပွားနေသော ကမာ္ဘ ကပ်ရောဂါကြီး အပေါ် ဘီလ်ဂိတ်က ခုလိုပြောပြပါတယ်..

အရေးကြီးတဲ့ သင်ခန်းစာတွေပေးဖို့
ကိုရိုနာဗိုင်းရပ်စ်က ရောက်လာတာဖြစ်ပါတယ်။ ဒါကို ဘယ်လိုယူမလဲ မယူဘူးဆိုတာကတော့ ကျွန်တော်တို့အပေါ်ပဲ မူတည်တာပါတယ်။

✴သူအနေနဲ့ ကတော့✴

1️⃣ ကိုရိုနာဗိုင်းရပ်က ဘာသာ လူမျိုး အလုပ်အကိုင်
ကြွယ်ဝမှု ကျော်ကြားမှု မခွဲခြားပါဘူး။

2️⃣.လူတစ်ဦးနဲ့ တစ်ဦးက ဆက်နွယ်နေတာပါ
တစ်ယောက်ဖြစ်ရင် နောက်တစ်ယောက်လည်း ဖြစ်နိုင်တာပါ။

3️⃣.ကျန်းမာရေးက အဖိုးတန်ပါတယ် ဂရုစိုက်ရမှာ အသေအချာပါ။

4️⃣. ဘဝက တိုတောင်းပါတယ်။
အိုမင်းသူ နာမကျန်းသူတွေကို ကူညီကြပါ။

5️⃣.ရုပ်ဝတ္ထုတွေ မမက်ပါနဲ့။ ဇိမ်ခံပစ္စည်းထက်
အစားအစာ၊ရေ နဲ့ ဆေးဝါးက ပိုလိုအပ်တာပါ။

6️⃣.မိသားစုက အရေးကြီးပါတယ်။
အိမ်မှာနေတုန်း
မိသားစုကို ခိုင်မြဲအောင် တည်ဆောက်ပါ။

7️⃣.အသက်မွေးဝမ်းကျောင်း အလုပ်အပြင်
တစ်ဦးကို တစ်ဦး စောင့်ရှောက်၊ ကာကွယ်
အကျိုးပြုတဲ့ အလုပ်ကိုလည်း လုပ်ပါ။

8️⃣.မာနတွေ အတ္တတွေ မကြီးပါနဲ့။
ကိုယ်က ဘယ်လောက်ပဲ ကြီးမြတ်ပါစေ
ဗိုင်းရပ်စ်တစ်ခုက လောကကြီးကို
အဆုံးသတ်ပစ်နိုင်ပါတယ်။

9️⃣.ကိုယ့်ဆီမှာ စွမ်းအားတွေ ရှိပါတယ်။

🔟.အတိတ်မှာ ကပ်အများကြီး ဆိုက်ခဲ့ဖူးပါတယ်။
သတိနဲ့နေပါ
ကြောက်​တာက
အကောင်းထက် အဆိုးပဲ ဖြစ်နိုင်တယ်။

1️⃣1️⃣.ကမ္ဘာကြီးက ဖျားနာနေလို့ လူတွေ ဖျားနာကြတာပါ
ကမ္ဘာကြီးကျန်းမာအောင် သစ်တောတွေ ပြန်စိုက်ပါ။
လေထု ရေထု သန့်ရှင်းအောင် လုပ်ပါ။

1️⃣2️⃣.မုန်တိုင်းပြီးရင် လေပြည်လာမှာမို့
ကြောက်စရာ မလိုဘူး။

1️⃣3️⃣.ကိုရိုနာက လူတွေကို မှန်ကန်စွာ တွေးတတ်
နေတတ်အောင် အမှားပြင်ပေးဖို့ ရောက်လာတာပါ။
#BillGates
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

အကြောင်းရှိလို့ အကျိုးဆိုတာ ဖြစ်လာကြတာပါ။ အဆိုးဆုံးသောအရာတွေ မှာ အလင်းလက်ဆုံးတန်းဖိုးတရားတွေကို မြုပ်နှံထားတတ်ကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ကိုယ်ထိန်းချုပ်လို့မရတဲ့ အရာတွေကို ကိုယ်ထိန်းချုပ်ရတဲ့ စိတ်ဓာတ်ခွန်းအားတွေနဲ့ ကျော်ဖြတ်ကြရမှာပါ...။

အတူတူ တကွ လူပီသတဲ့ အသိတရားတွေနဲ့ လှပသော နှလုံးသားတွေ ကိုမွေးမြူပြီး အတ္တတွေ ဒေါသလောဘ တွေကို ဘေးဖယ်ကာ မေတ္တာ တရားနဲ့ တူတူ ရင်ဆိုင်ဖြတ်ကျော်ကြအောင်....။✴

အမြန်ဆုံး ငြိမ်းချမ်းပြီး ပြန်လည်ကျန်မားလာတဲ့ ကမာ္ဘ ကြီးဆီကို ကျွန်တော်တို့ အားလုံး အတူတကွ  သွားကြအောင်....
ဆန္ဒပြုလိုက်ပါတယ်✴

#ZweKhantThu
(26.3.2020)
11:59PM

Thursday, March 26, 2020

"​မြန်မာပြည့်ရောက် #တရုတ်သမ္မတရှီးကျင်းပင် ၏ လောကဓံကိုကျော်ဖြတ်အောင်မြင်ခဲ့သော
#သူ့ဘဝသူ့ဗျူဟာ..." ☯
(Zwe Khant Thu)📖
************************************************
    ယနေ့ မြန်မာပြည်ကိုချစ်ကြည်​ရေးခရီးရောက် သမ္မတ ရှီးကျင်းပင်ဟာ လောကဓံ ခြိမ်းခြောက်မှု (Threat) ကို စိတ်ဓာတ်အားသာချက် ( Strength)ဖြင့် အနိုင်ယူနိူင်ခဲ့သော တရုတ်သမ္မတ ကြီး တစ်ယောက်ဖြစ်ပါတယ်။

    တရုတ်သမ္မတ ကြီး ရှီးကျင်းပင် ဟာ ဒုဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး တစ်ဦးရဲ့ သားဖြစ်သဖြင့် ငယ်စဥ်ကတည်းက မကြောင့်မကြနေထိုင်ခဲ့ရသူပါ။
ဒါပေ့မယ့် လောကဓံက ရှီ ဆီကို သူ့အသက်၁၅ နှစ်မှာ မုန်တိုင်းထန်စေခဲ့ပါတယ်။ သူဖခင်ဟာ ပါတီတွင်း ပဋိပက္ခတွေမှာ အရေးနိမ့်ခဲ့တဲ့အတွက် ထောင်ကျခဲ့ပါတယ်။မိဘ နှစ်ပါးနှင့်အတူ ရှီကိုပါ ထောင်ကျစေခဲ့ပါတယ်။ အသက်မပြည့်သေးတဲ့ ရှီကို တော့ အင်မတန်ဝေးလံ့ ခေါင်းခိုက်တဲ့ ရွာတစ်ရွာဆီ ပြစ်ဒဏ်ကျ လုပ်အားပေး စေလွှတ်ခံခဲ့ရပါတယ်။ ရောက်ကာစ ရွှေထီးဆောင်းဘဝ ကနေ စားစရာနေစရာမရှိ ဘဝသို့ ရောက်ခဲ့သော အပြောင်းအလဲ ဒဏ်ကိုသာမက အကျဥ်းကျ မိဘတွေအတွက်လည်း စိုရိမ်းလွမ်းဆွတ် ဒဏ်တွေကြောင့် စိတ်ဓာတ်ကျ ဆောက်တည်ရာမရဖြစ်ခဲ့တယ်။
နောက်ဆုံးမှာတော့ ရှီ ဟာ ကိုယ်မထိန်းချုပ်နိုင်တဲ့ ခြိမ်းခြောက်မှုတွေကို ကိုယ်ထိန်းချုပ်နိုင်တဲ့ စိတ်ဓာတ်အင်အားနဲ့တွန်းလှန်းဖယ်ရှားဖိုး ဆုံးဖြတ်ခဲ့တယ်။
သူ့ဘဝရဲ့ တာဝန် ကိုပြောင်းလဲလိုက်တယ်။
ပထမဆုံး1️⃣ သူကိုယ်သူ လုပ်အားပေးအမည်ခံ အကျဥ်းသားဘဝကနေ ပရဟိတသမား အဖြစ် စိတ်ကိုပြောင်းလဲခံယူလိုက်သည်။
ဒုတိယ2️⃣ အနေနှင့် ရွှေထီးဆောင်း ငယ်ဘဝကို အိတ်တမလွန် အောင် စည်းပိုင်းခြားလိုက်သည်။
တတိယ3️⃣ အနေဖြင့် အဝေးရောက် အကျင်းကျ မိဘတွေအပေါ လွမ်းဆွတ်တဲ့ စိတ်ကို တန်းဖိုးရှိတဲ့စာတွေကို ဖတ်ရင်းဖြေဖျောက်ခဲ့တယ်။
စတုတ္တအနေဖြင့်4️⃣ ဒုက္ခမုန်တိုင်း တွေ ဘယ်လောက်ပင် ခက်ထန်နေပါစေ တစ်ရက်ပညာတတ်ကြီး ဖြစ်ရမယ့်ဆိုတဲ့ သူရဲ့ပန်းတိုင်ကို မယိမ်းယိုင်အောင်ပြုလုပ်ခဲ့တယ်.....။

 ခံယူချက်ပြောင်းလဲလိုက်သော ရှီ မှာဦးစွာ စိတ်ခွန်းအား များဖြင့် နွားချေး ကျုံး ထမံဖောက် ဆည်ဖို့ မြေထမ်း စတဲ့ အလုပ်ကြမ်း တွေကို ကြိုးပမ်း လုပ်ဆောင်ပါတော့ တယ်။ ဒီလို ဘဝကို ပြောင်းလဲ ပစ်နိူင်တဲ့ ရှီ အပေါ် ရွာသားတွေရဲ့ အမြင်ဟာ ပြောင်းလဲ လာခဲ့ပါတယ်။ ရပ်ရွာကိစ္စတွေကို ရှီ ထံ အကြံဉာဏ် တောင်းခံလာကြသည်။ ဒီလိုနဲ့ ကျေးရွာ ပါတီ ခေါင်းဆောင် တင်မြှောက်ခံရသည်။
ကျေးရွာခေါင်းဆောင်လေ ရှီ ဟာ ဆင်းရဲလှတဲ့ ရွာ ကလေးတိုးတတ် ရေးအတွက် တရစပ်ကြံဆပါတော့တယ်။ စိုက်ပျိုးမြေ့ တိုးချဲ့ခြင်း စိုက်ပျိုးရေးရရှိရေး၊ ရေတိုက်စားမှု ကာကွယ်ရေးကိစ္စမှာ ပူးပေါင်းပါဝင်လာအောင် ပညာပေးစည်းရုံးနိုင်ခဲ့ပါသည်။ ရွာမှာရှိ လက်မှု လုပ်ငန်းကလေး တွေကိုလည်း အသေးစား သမအသင်း လေးတွေဖြစ်အောင် ထူထောင်ခဲ့သည်။ စိုက်ပျိုးရေး စရိတ်ချေးငွေရရှိရေး မွေးမြူရေးနဲ့ ဆင်းရဲမှုတိုက်ဖျက်ရေးကိစ္စတွေမှာ အရွယ်နဲ့မမျှအောင် ဆောင်ရွက်ခဲ့သည်။ မကြာမီ ရှီ ဟာ စံပြလူငယ်ဆု ချီးမြှင့်ခံခဲ့ရပါတယ်။ သူဆုရ ခဲ့တဲ့ ဆိုင်ကယ်လေးကို ရောင်းပြီး ကျေးရွာအတွက် လိုအပ်မဲ့ ရေစက်စုပ်စက်တွေ၊ မီးစက်တွေနဲ့လဲ လိုက်ပါတယ်။

        ဒီလိုနဲ့ စာပေကိုမပြတ်လေ့လာရင် ရပ်ရွားအကျိုးကို သယ်ပိုးခဲ့တာ ၇ နှစ်ကြာမှာတော့ သူဆန္ဒဟာ ပြည့်ဝလာခဲ့ပါတော့တယ် တတက္ကသိုလ် တတ်ခွင့်အကြောင်းကြာစာ ရရှိပြီးသူရွာကို နှုတ်ဆက်ချိန်မှာတော့ ရွာကတစ်ရွာလုံး ငိုယိုကြပါတယ်။
ဒါပေ့မယ့် တက္ကသိုလ်တတ်ရင် အားလျက်ရက်ကို ရွာကိုပြန်ပြီးတော့ လျှပ်စစ်မီးနဲ့ တံတား စာသင်ကျောင်း တွေရရှိဖို့ ကူညီလိုက်ပါသေးတယ်။
ဒီလိုဖြတ်သန်းရင် ဆင်ဟွာ တက္ကသိုလ်ပ အင်ဂျင်နီယာဘွဲ့ ရရှိခဲ့ပါတယ်။

    ဘဝရဲ့ခါးသီးတဲ့လောကဒဏ် လှိုင်းတံပိုးတွေကနေ အပြုံးမပျက်ရုန်းထွက် နိုင်ခဲ့တဲ့ ရှီကို ကြမ္မာရိုင်းတွေက အရှုံးပေးလိုက်ရပါတော့တယ်။ သူဘွဲ့ရပြီးချိန်မှာပဲ ကွန်မြူနစ်ပါတီမှာ အပြောင်းအလဲဖြစ်လာပြီး သူ့ဖခင် တို့ အုပ်စု ဟာ ပြန်လည် နေရာ ရလာခဲ့ပါတယိ။ ပါတီ လူကြီးတွေကလည်း အနစ်နာခံခံပြီး ရိုးသား ကြိုးစားတဲ့ ရှီ ကို အထူး ယုံကြည်ခဲ့တယ်။

  ကျေးလက်အကျဥ်းစံ ကာလ ကို ဘဝ တက္ကသိုလ်မှာ  လို့ ခံယူမှတ်သားခဲ့တယ် ရှီကို နိုင်ငံရဲ့ ဖွံ့ဖြိုးမှု အနည်ူဆုံးဒေသတွေကို ရွှေးချယ်တာဝန်ပေးခဲ့တယ်။ အောက်သက်ကြေခဲ့တဲ့ ရှီ ဟာ ရောက်လေရာ အရပ်မှာ လယ်သမားတွေရဲ့ ဆင်ရဲသားတွေရဲ့ နှလုံးသားကို သိမ်းပိုက်ပြီး တစ်သားတည်းနေထိုင်နိုင်ခဲ့တယ်။ပါတီအတွင်း နံမည်ရလာတဲ့ ရှီ  ဟာ နိုင်ငံရဲ့ အထူးဒေသ တွေပါ တာဝန်ပေးခံရလာတယ်။ ဒီလိုတာဝန်ကြီးတွေ ကြားကနေ ရှီဟာ ဥပဒေ ဒေါက်တာဘွဲ့ ကို ဆွတ်ခူးလိုက်ပါတော့တယ်။

  ဒီလိုနဲ့ ရှီ ဟာ ပါတီဗဟိုကော်မတီ ဝင် တစ်ဦးဖြစ်လာခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာတော့ ရှန်းဟိုင်းပါတီ အကြီအကဲ ဖြစ်လာပါတယ်။ ရှန်ဟိုင်းပါတီ အကြီအကဲ ဘဝမှာ ဒေသခံ အရာရှိကြီးတွေ အတွက်ပေးထားတဲ့ အထူးအခွင့်အရေး ကို နိုင်ငံတော်သို့ ပြန်အပ်နှံ ခဲ့ရုံသာမက ဒေသ ပါတီရဲ့ ပျက်ပြားနေတဲ့ ညီညွတ်ရေးကို ရင်ကြားစေ့ပေးနိုင်ခဲ့ပါတယ်။

  ဒီလို နံမည်ကောင်းတွေ ရလာတဲ့ ရှီ ဟာ ရှန်းဟိုင်း မှာ ၇လပဲ နေခဲ့ရပြီး ၂၀၀၇ ခုနှစ်မှာတော့ ပါတီပေါလစ်ဗျူရို အဖွဲ့ဝင်ဖြစ်လာပါတော့တယ်။

 ဒီလိုနဲ့...
👏၂၀၀၈ ခုနှစ် မှာ ဒု သမ္မတ....။
👏၂၀၁၃ ခုနှစ်မှာ တော့ တရုတ်ပြည်ရဲ့ သမ္မတ ဖြစ်လာခဲ့ပါတော့တယ်.......။

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

ဘဝ မှာ ကိုယ် က အားနည်း ရတဲ့အထဲ လောကဓံ ကပါ ခြိမ်းခြောက်မှုတွေ ကြုံ့တွေ့ရပြီဆို ဘဝပျက်ဖို့ပဲ ရှိပါတော့တယ်...။👣
(*အားနည်းချက် နဲ့ ခြိမ်းခြောက်မှု ကို ကြိုတင်ချိတ်ဆက် ဆန်းစစ်ရာမှာ ဆက်သွယ်ရေးနည်းပညာ လုံခြုံရေးဘာသာရပ်တွေမှာ ဖော်ပြထားတဲ့
"Cyber threat analysis" နည်းဟာ အင်မတန် အကွက်စေ့လှပါတယ်..။*)

အားနည်းချက်☯ + အခွင့်အလမ်း ===> တိုက်စစ်အသွင်ကုတ်အား

အားနည်းချက်☯ + ခြိမ်းခြောက်မှု ===> ခံစစ်အသွင်ဆောင်ကုတ်အား

(ကုတ်အား☯ = သူတစ်ပါး အင်အား ကို မှန်မှန်ကန်ကန် ရယူအသုံးချခြင်း)

ဒီနေရာမှာ ကွားခြား တာကတော့ အခွင့်အလမ်း ပေါ် လာချိန် ပူးပေါင်းချက်သူများပေ့မယ့် ကိုယ်မှာ ခြိမ်းခြောက်မှု ကြုံလာချိန်မှာ တော့ ရဲဘော် ရဲဘက် ပမာ လက်တွဲ ချင်သူ ရှာပါတယ်။

ဒါကြောင့် အခက်အခဲ ခြိမ်းခြောက်မှု ပေါ် လာရင် ရယူနိုင်မဲ့ ပြင်ပအင်အားအရင်းအမြစ် တွေကို ကြိုတင်စီမံထားဖို့ လိုအပ်ပါတယ်။
အနည်ဆုံးအဆင့်အနေနဲ့ မိမိဒုက္ခ ရောက် ရင် အကြံဥာဏ်ပေးနိုင်မဲ့ မိတ်ကောင်း ဆွေကောင်း တွေနဲ့ ကွန်ရက်ဖွဲ့ထားဖို့ လိုအပ်ပါတယ်...။

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
*ရှီ ဟာ သူဘဝ ခြိမ်းခြောက်မှုကို သူအားနည်းချက် စိတ်ဓာတ်ကျဆင်းမှုနဲ့ ထိပ်တိုက်မတွေ့အောင် ဖြစ်နေတာတွေ အပေါ် အာရုံမစိုက်ပဲ ဖြစ်ခြင်တာတွေ အပေါ် ဦးတည်ထားပြီး သူစိတ်ကို အရင်ပြောင်းလဲခဲ့ပါတယ်။🏅
*သူရဲ့ စိတ်ဓာတ်ကျခြင်း ပင်မ အကြောင်းအရာ အတိတ် ကို တမ်းတလွန်းခြင်းကို ဆန်းစစ်ပြီး ကိုယ်ပိုင် စည်းကမ်းသတ်မှတ်ခဲ့ပါတယ်..။🥇
*ပြင်ပအင်အား အရင်အမြစ် အဖြစ် ခွန်အားရှိသော စာပေတွေကို အဖော်ပြုပြီး သူ၏စိတ်ခွန်အားနဲ့ ဉာဏ်အင်အားကိုအသုံးပြုပြီး ဘဝကပေးတဲ့ အခက်အခဲကို အတွေအကြုံအဖြသ် အသူံးချကာ အောက်သက်ကြေသော ဘဝ ကနေ အောက်ခြေ လူတန်စား တွေရဲ့ နှလုံးသားကို သိမ်းပိူက်နိုင်ခဲ့ခြင်းဟာ ရှီ ၏ သမ္မတ လျှောက်လမ်းကို များစွာ အထောက်အကူဖြစ်စေခဲ့ပါတယ်..။🏅

💎 အခွင့်အလမ်း တွေက ကိုယ် ကြိုတင်ပြင်ဆင်ရင် ကံကောင်းခြင်းတွေ လက်ဆောင်ပေးမှာပါ။
 💎ခြိမ်းခြောက်မှုတွေက ကိုယ် ကြိုတင် ပြင်ဆင်မကာကွယ်ရင် ဘေးဒုက္ခ ဆိုးတွေ ပေးမှာပါ။

🎯သာမန်လူတွေကတော့ အရာရာ ကို ခံစားချက် အစွဲအလမ်းတွေနဲ့ တုန့်ပြန်တတ်ပေမဲ့......
🎯ဗျူဟာသမားကတော့ မိမိရဲ့ ဦးတည်း ချက်ကို မပျက်စေလဲ ရွေးချယ် ဆောင်ရွက် ခဲ့ကြတာပါ။

💕(ရှီ ဟာ ဗျူဟာဆိုတဲ့ ရွတ်လှေ စီးပြီး ဘဝခရီးမှာ တိုက်ခတ်လာတဲ့ လောကဓံ လေစီးကြောင်းကို ပြောင်းလို့မရပေမဲ့ မိမိရဲ့ ရွက် ကိုတော့ အလိုက်သင့် လှည့်ပေးနိုင်ခဲ့တာပါ...။)☮

ဒါဟာ ရှီ တင်မကပါဘူး လောက မှာ အောင်မြင်တဲ့ လူတိုင်းဟာ လူ ဖြစ်သဖြင့် လောကဓံ ကို ကြုံတွေ့ခဲ့ကြတာပါ။
လူပီပီ သူတို့ ပြောင်းလဲလို့မရတဲ့ လောကဓံ ( ခြိမ်းခြောက်မှုတွေကို) ပြောင်းလဲရှောင်လွှဲ ထိန်းချုပ်လို့မရပေ့မယ့် သူတို့ပြောင်းလဲထိန်းချုပ်လို့ရတဲ့ စိတ်ခွန်းအား(အားသားချက်) အဖြစ် ပြောင်းလဲ နိုင်ခဲ့လို့ သာမန်လူတွေထက် သာစေခဲ့တာပါ..။

ဒါဟာ အောင်မြင်သူတွေ ဘဝအခက် အခဲ (ခြိမ်းခြောက်မှု) ကို သူတို့ပင်မစိတ် ခွန်းအား (အားသာချက်) နဲ့ ပြောင်းလဲခဲ့တဲ့ ဗျူဟာ တွဲလုံးတစ်ခုဖြစ်ပါတယ်...။

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ဘဝအခက်အခဲတိုင်းကို အောင်မြင်ကြပါစေ....☯

#ZweKhantThu💝
#Life_And_Success📖

(18.1.2020)💎
နေလည် ၂နာရီ ၃၂မိနစ် 🌈
အချိန်ကျ ဖြစ်လာမှာပါ.....။

ဘယ်ဟာမဆိုအဆိုးချည်းပဲ မရှိပါဘူး အကောင်းတွေလည်းပါပါတယ်...။

အရာအရာ အစက ပြန်စလို့ရပါတယ်..။

ဘာမဆို အကောင်းဆုံးပြောင်းလဲ ပစ်နိုင်တဲ့ အရည်အချင်းရှိ​တာပဲ ဘာလို့ အားငယ်နေမှာလဲ...။

စေတနာကောင်းရင် ကံကောင်းမှာကျိန်သေးပါတယ် ဘာလိုလဲ့ဆို...
 =လက်ရှိ လုပ်ရပ်ကောင်းသလို
 =ဘုန်းကံ ရှိနေတာပဲ
ကံကော ဉာဏ်ကော ရှိနေပြီးပဲ အချိန်ကျလာရင် ဝီရီယ ပေါင်းထည့်လိုက်ရင် ကျိန်းသေးအောင်မြင်မှာ ဘာလို့ တွေးပြီး စိတ်ပူနေမှာလဲ..။

လက်ရှိမှာ ပဲ ရှင်သန်လိုက်စမ်းပါ..
ပုံမှန် တစ်ယောက်ထဲ meeting လုပ် analysis လုပ်ပြီး ဖြစ်လာနိုင်ချေကို ကြိုစဥ်းစားလို့
Plan ကြိုဆွဲပြီးပြီးပဲ....

ပေါပေါ့ပါးပါးနေ...လွတ်လွတ်လပ်လပ်ပေါ့..
သိပ်ပြီးအတွေးမများနဲ့ သိပ်ပြီးမစဥ်စားနဲ့...
ပစ္စုပ္ပန်မှာ ပဲ နေ..
တွေးလည်းမပူနဲ့ တွေးလည်းမကြောက်နဲ့...
ပျော်လိုက်စမ်းပါ..
တစ်ခုပဲ လုပ်...

 ....." ပျော်အောင်နေပြီး လက်ရှိကို အကောင်းဆုံး ဆုပ်ကိုင်ထား..plan အတိုင်းကြိုးစား".........

မင်က မင်ပဲ
မင်အတွက် မင်က အဓိက
မင်အတွက် မင်ဖြစ်ခြင်တာပဲ လိုတာ
မင်ဖြစ်ခြင်းတာကိုပဲ မင်ဖြစ်အောင်လုပ်..
ဒါပဲ...
ခုကစ ရယ်နေလိုက်....။
အဲဒါ မင် ဘဝ..။
🌠#ဘန်ဂျမင်ဖရန်ကလင်ရဲ့ ၂၀၂၀နှစ်သစ်လက်ဆောင်🌠
=====================================
ဒေါ် လာ၁၀၀တန် ပေါ် က BENJAMIN FRANKLIN ကိုမြင်ဖူးကြမှာပါ။ ကမာ္ဘ ပေါ် မှာထူးချွန်အောင်မြင်သူတွေ များစွာရှိပေ့မယ့် အများစုကတော့ သူနယ်ပယ်နဲ့သူသာ အောင်မြင်ကျော်ကြားကြပြီး ဘန်ဂျမင်ဖရန်ကလင် လို နယ်ပယ်စုံမှာ အထွတ်အထိပ်ထိ ရောက်တဲ့ ထူးချွန် လူမျိုးတော့ရှားပါတယ်။
🎓ဖရန်ကလင်ဟာ #နိုင်ငံရေးနယ်ပယ်မှာ ဝါရှင်တန်နဲ့ လက်တဲဲပြီး အမေရိကန်နိုင်ငံတော်ကြီးကိုထူထောင်ရုံမက နိုင်ငံရေး သီအိုရီ ပညာရှင်ကြီးအဖြစ်ပါ ကျော်ကြားခဲ့တယ်။
🎓#စီးပွားရေးနယ်ပယ်မှာလည်း ကမာ္ဘ ပေါ် မှာ ကြော်ငြာခြင်း အတတ်ပညာကို ပထမဆုံး တရားဝင် စတင်သုံးစွဲတဲ့ လုပ်ငန်းရှင်ကြီးဖြစ်ပါတယ်။
🎓#ပညါရေးနယ်ပယ်မှာ ဘွဲ့မရပေ့မယ့် ပညာရပ်စာပေမျိုးစုံဖတ်ရှူလေ့လာပြီးတော့ လျှပ်စစ် အလင်း ဓာတ်ကို ပထမဆုံး ဖော်ထုတ်ခဲ့ပြီး လောကကြီးကို အလင်းဆောင်နိုင်ခဲ့သူပါ။

ယခုဖော်ပြချက်က သူဘဝစွမ်းဆောင်ချက်ရဲ့ တစ်စိတ်တစ်ဒေသ ပဲရှိပါသေးတယ်..။ယခု ကျွန်တော်( ပြောပြခြင်းတာက ဖရန်ကလင်ရဲ့ အမူအကျင့်ပျိုးထောင်ရေး စီမံချက်ကို နှစ်သစ်မှာ လက်ဆောင်မျှဝေခြင်းတာပါ။)

ဖရန်ကလင်က. မွေးရာပါ ပါရမီရှင် မဟုတ်ပါဘူး အသက်၂၀အထိ သူလိုငါ့လို သာမန်လူပါပဲ မိမိကိုယ်ကို ပြောင်းလဲ ပစ်နိုင်ခဲ့လို့သာ အခုလို ထူးချွန်အောင်မြင်လာရတာပါ။

၁၇၂၆ ခုနှစ်မှာ ဖရန်ဟာ အဂ်လန် ကနေ အမေရိကန်ကို ရေကြောင်းခရီးနဲ့ ပြန်လာခဲ့ပါတယ် အတ္တ လန်တိတ် သမုဒ္ဒရာ ကြီးကို ၃လကြာ ဖြတ် ရမယ့် ပျင်းရိစရာ ခရီးရှည်ကြီးကို တန်းဖိုးရှိစွာ အသုံးချဖို့ဆုံးဖြတ်ခဲ့ပါတယ်။
ခရီးစတဲ့နေမှာပဲ အမူအကျင့် ပြောင်းလဲရေးစီမံကိန်းကြီးကိုရေးဆွဲလိုက်ပါတယ်။သူ့စီမံကိန်း၁၃ပတ် စီမံကိန်းဖြစ်ပြီး တစ်ပတ်မှာ အမူအကျင့်တစ်ခုကိုအခိုင်အမာလေ့ကျင့်ပျိုးထောင်ခဲ့ပါတယ်။

💎ပထမအပတ်မှာ အရက်သောက်ဖို့ရှောင်းကျဥ်းခဲ့ပါတယ် အရက်ဘယ်လောက်သောက်ချင် ထိန်းချုပ်ခဲ့ပါတယ်။
💎ဒု တိယ တပတ်မှာ အကျိုးမရှိတဲ့စကားတွေမပြောမိအောင်ရှောက်ကျဥ်းပါတယ်။
💎တ တိယ တပတ်မှာတော့ အရာရာကို အစီအစဥ်တကျ စနစ်တကျလုပ်တတ်တဲ့ အကျင့်ကို ပျိုးထောင်းပါတယ်။
(ပစ္စည်း အထားအသိုးက အစ နေသားတကျ ထားသိုးတဲ့အခါ စိတ်ရှင်းလင်းပြီး စဥ်းစားတွေးခေါနိုင်စွမ်းပိူထက်မြက်လာပါတယ်)
💎၄ပတ်မြောက် မှာတော့ ကိူယ်လုပ်ရမယ့်အလုပ်ကို စိတ်ထဲမှာ ယတိပြတ် ပိုင်းဖြတိပြီး လုပ်ဆောင်တတ်တဲ့အကျင့်ကို ပျိုးထောင်းပါတယ်
💎၅ပတ်မြောက်မှာတော့ ငွေကြေးကို ချွေတာပြီး စနစ်တကျ သုံးစွဲပါတယ်။
💎၆ပတ်မြောက်မှာတော့ အချိန်ကို အလဟာသပ်သပ် မကုန်းဆုံးပဲ အချိန်တိုင်း အကျိုးရှိအောင် လုပ်ဆောင်ပါတယ်
💎၇ပတ်မြောက်မှာတော့ ရိုးသားစွာနေထိုင်ပါတယ်
(ဒီတပတ်လုံးမှာ လိမ်ညာ ဟန်ဆောင် ကတိပျက်တာ အထူးရှောင်ကျဥ်ပါတယ်)
💎၈ပတ်မြောက်မှာတော့ တရားမျှတစွာနေထိုင်ပြီး ဘတ်လိုက်ခြင်း သူတစ်ပါးကိူနာကျင်စေမှုကို အထူးရှောင်ကျဥ်တယ်
💎၉ပတ်မြောက်မှာ အတွေးအခေါ် အပြောအဆို အပြုအမှုကို အစွန်းမရောက်အောင် ထိန်းသိမ်းတယ်
💎၁၀ပတ်မြောက်မှာတော့ အရာရာကို သန့်ရှင်စွာ နေထိုင်တယ် (ခန္ဓာကိုယ် ပတ်ဝန်ကျင်နဲ့ အစားအစာ ကို အထူးသန့်ရှင်စေတယ်)
💎၁၁ပတ်မြောက်မှာ စိတ်ကို ငြိမ်ချမ်းစွာ ထားရှိတယ် စိတ်ကို ဘယ်လိုအကြောင်းကြောင်းနဲ့မှ ဖစ်ဖစ် လုံးဝအပူမခံအောင် အထူးဂရုစိုက်တယ်
💎၁၂ပတ်မြောက်မှာ sex ကိစ္စ ကိုအထူးရှောင်ကျဥ်တယ်
💎နောက်ဆုံး၁၃ပတ်မြောက်မှာ မြင့်မြတ်တဲ့သူတော်စင်တွေရဲ့ ဂုဏ်ကျေးဇူးကို အာရုံပြုပြီး ငြိမ်းအေးစွာ ဖြတ်သန်းတယ်

အဲလိုနဲ့ ၁၃ပတ်ပြည့်ပြီး အမူအကျင့်ပြောင်းလဲကိန်း ကြီးအောင်မြင်တဲ့နေ အမေရိက ကိုရောက်ခဲ့တယ်။ အမေရိက ကိုစရောက်တဲ့နေ့မှာ လဲ ၁ ကနေ ၁၃ ထိ ပြန်စခဲ့ တယ် ၃ လတစ်ကြိမ်းနဲ့ တစ်နှစ်ကို ၄ကြိမ် နဲ့ အသက် ၇၉ နှစ်ပြည့်တဲ့အထိ မပျက်မကွက်လုပ်ဆောင်ခဲ့တယ်။

(ဖရန်ကလင်ရဲ့ အမူအကျင့်ပြောင်းလဲရေစီမံကိန်းက အခက်ကြီးမဟုတ်ပါဘူး သူအနေနဲ့ တပတ်တာ စီမံကိန်းကို သာအားရူံစူးစိုက်ရုံပါ
ဥပမာ ပထမ အပတ်မှာပဲ အရက်မသောက်ရတာပါ နောက်အပတ်တွေ အားလုံးသောက်လို့ရပါတယ်။
ဒါပေ့မယ့် အမူအကျင့်တွေဟာ နှစ်ရှည်လများစွာကြာတော့ ဖရန်ကလင်ကို ဘက်စုံထူးချွန်စေတဲ့ လူတစ်ယောက်ဖြစ်လာပါတယ်)
#ယခုအကြောင်းအရာသည့်ဖရန်ကလင်ရဲ့ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိမှကောက်နုတ်ထားပါသည်။
======================================
☮2020နှစ်သစ်မှာအမူအကျင့်ကောင်းတွေကို အားထုတ်ခြင်း လုံ့လပြုခြင်း စိတ်ကိုချီးမြှောက်ခြင်း တို့ဖြင့် အောင်မြင်ဖို့ ဆန္ဒ ပြုရင်..........⭐🌟💕💟

#ZweKhantThu
(11.1.2020)
🔒"သင့် လစာ က အလကား ရတာ မဟုတ်ဘူး..
ဒါ့ကြောင့် သင့် သူဌေးနဲ့ သူအထက် လူကြီး မျက်နှာကို ကြည့်ပြီး အလုပ်မလုပ်ပါနဲ့.....။🔓"🎯
^^^^^^^^^....*********.... ^^^^^^^^^^^^^ ...**********
(ဒီစာကို မဖတ်ခင် ကြိုပြောပါရစေ..ဒီစာ က ဝန်းထမ်း ဘဝ ကို သက်တောင့်သက်သာနဲ့ ဘဝထင်နေတဲ့သူတွေအတွက် အဆင်မပြေပါဘူး..ကိုယ်ပိုင်အလုပ်နဲ့ အောင်မြင်ချင်သူတွေ အတွက်သာ ဖြစ်သည်..။)

သင့် မှာ မမြင်နိုင်တဲ့ အနာဂတ် ရှိပါတယ်။
သင်လက်ရှိ ရောက်နေတဲ့ နေရာက သင် အတွက် ခဏတာ ခိုနားရာပါ။
သင် မှာ အိမ်မက်တွေ ရှိပြီး သင်မှာ အောင်မြင်ဖို့ အာသီသ ပြင်းပြနေရင် သင့် ရဲ့ နောက်​ဖစ်လာမယ့် အနာဂတ် တန်းဖိုးကို ဘယ်တော့မှ လျော့မတွက် မိပါစေနဲ့...ဒါကြောင့် သင့် အနာဂတ်တန်းဖိုးကို ကြိုမြင်အောင် ကြည့်ပြီး လက်ရှိ အခြေ အနေမှာပါ သင့်ကိုယ်သင် တန်းဖိုးထားပါ....။

တချို့ လုပ်ငန်း ခွင် တွေမှာ သင့် သူဌေး ဆိုတဲ့ သူ အထက်လူကြီး ဖြစ်လာတဲ့ သူတွေက သင် ထက် အရည်အချင်း ရှိချင်မှလည်းရှိလိမ့်မယ်..။
ပိုက်ဆံ ရှိလို့ သူဌေး ဖြစ် လာတဲ့ သူတွေ ရှိသလို..
သူဌေး အသိ မို့ အထက် လူကြီး ဖြစ်လာတဲ့ သူတွေလည်း ဖြစ်နိုင်ပါတယ်...။
ကောင်းတဲ့ တော်တဲ့ သူဌေး အထက်လူကြီးတွေ လည်း ဖြစ်နိုင်တယ်...။

ဒါပေ့မယ့် အများစု မေ့နေတာက သင်သူဌေး က သင်ထမင်းရှင် သင် အထက်လူကြီးကောင်းလို့ သင်အလုပ်ရှိနေတာ စသည့်ဖြင့်...
သင် အလုပ် တည်မြဲရေး အတွက် မျက်နှာ ချိုသွေးနေရတာ မလိုအပ်ပဲ အောက်ကျို့ ခံပေးနေရတာ တွေက တကယ်တော့ သင့်ကိုယ်သင် လောင်ရိပ်မိခံနေတဲ့ ပန်းလို့ပဲ အထက်ကို အညွန့် တတ်ဖို့ ပြန်သတ်ပစ်နေတာပါ....။
သင့် က မဟာပထဝီ မြေကို ထိုးခဲွဲ ပြီး အမြင့်ဆုံးထိ အလွင့်ပျံပြမယ့် တော်ဝင်ပန်းတွေပါ ဒါကြောင့် သူများကို မှီခိုပြီးမှ ပွင့်ရမယ့် အဖြစ်မျိုး မဟုတ်တဲ့ အတွက် လောင်ရိပ်မမိပါစေနဲ့။

တကယ်တော့
ဘယ် သူဌေး ဘယ် အထက်အရာရှိ က မှ သင် ကိုအလကား ပိုက်ဆံခေါ ပေးထားတာမဟုတ်ပါဘူး...။
သင် အချိန်ရယ် သင် အရည်အချင်းရယ် နဲ့ သင် ခုလုပ်နေတဲ့ လုပ်ငန်းရယ် ကပဲ သင် ကို ပိုက်ဆံရစေတာပါ..။
ဒါကြောင့် ဘယ်တော့မှ သင် သူဌေး သင် အထက်သူကြီး ကို ကြည့်ပြီး အလုပ် မလုပ်ပါနဲ့..။
သင့် အချိန် သင့် တန်ဖိုး သင့် အလုပ် ရဲ့ မျက်နှာ ကို ကြည့်ပါ..။

အကယ်၍ သင့် လုပ်ငန်းခွင် က ပုဂ္ဂိုလ် တွေက သူတို့မျက်နှာ ကြည့်မှ ဖြစ့်မယ့် ဆို သင် အဲ အလုပ် က အမြန်ထွက်ပြီး အလုပ်သစ်ရှာပါ...။

သင်မေ့နေတာ....တစ်ခုရှိတယ်..အဲတာ သင့် အနာဂတ်ပဲ...။

သင်သာ အောင်မြင်ခြင်း သူဆို အဲဒီ သင် သူဌေး သင် အထက်လူကြီး ထပ် ပိုမြင့်တဲ့ သူ တစ်ယောက် ဖြစ်နိုင်ပါတယ်....။
အဲဒီ အချိန်မှာ သူတိူ့မှားနေတာ ကို သင် သက်သေပြလိုက်တာပါပဲ..။
သင့် ခုနေမှာ သင်မှားလာ မှန်လာ ဆိုတာ သူတို့ က သင့်ကိုဆုံးဖြတ်ပေးမှာ မဟုတ်သလို ဆုံးဖြတ်ပေးနိုင်စွမ်းမရှိပါဘူးး..။
သင့် အနာဂတ်က ပဲ သင့် ကို ဆုံးဖြတ်ပေးပါ...။

မှတ်ထားပါ
"သင် သူဌေး နဲ့ သင် အထက် အရာရှိ က သင်ထက် ပိုပြီး ကြီးမြတ်နေတဲ့ လူသားမဟုတ်ပါဘူး.."

ဘယ်တော့မှ အောက်သက်ကြေတဲ့ သူဌေးမျိုး အရည်အချင်းရှိတဲ့ ခေါင်းဆောင်မျိုး ဆိုတာ သူတို့ကို လေးစားဖို့ ထက် သူတို့အလုပ်ကို ပိုတန်းဖိုး ထားစေချင်ကြတာပါ...။
အာလုံးဟာ လုပ်ငန်း တစ်ခုရဲ့ အသီးအပွင့် ကို ခံစားနေတာပါ..။
သင် ခေါင်းဆောင်း ဖြစ်လည်း သင်ကို မစ ဖို့ထက် သင် အလုပ်ကို ပိုကောင်းအောင် လုပ်ပေးနိုင်တဲ့ ဝန်းထမ်းမျိုးကို သင်ပိုနှစ်သက်မယ်ဆိုတာ မမေ့ပါနဲ့...။

ဥပမာ....ခင်ဗျာက သူဌေးဆိုရင် ခင်ဗျာ လာတာနဲ့ အပို အိုဗာတင်တွေ ဖျော်တိုက်ပြီး အလုပ်ကို ကျ အဖြစ်ရှိအောင် မလုပ်ပဲ မျက်နှာရအောင် ကိုယ်ရှေ့မှာပဲ အလုပ်ရှုပ်ပြနေတဲ့ ဝန်းထမ်းနဲ့....
ခင်ဗျာ ရှေ့မှာ လည်း ပုံမှန်ပဲ ခင်ဗျာ ကွယ်ရာမှာလည်း ပုံမှန် ပဲ ဒါပေ့မယ့် သူရဲ့ လုပ်ဆောင်ချက် idea နဲ့ ကြိုးစားမှု က သင် မမျှော်လင့်ထားတဲ့ အခွင့်အလမ်းဝင်ငွေ တွေကို တိုးပွားစေမယ့်ဆို..
သင် ဘယ်လို လူက ပို လေးစားမလည်း..
သင် သာ ဦးနှောက်ရှိတဲ့ သူဌေး ဆိုရင်ပေါ...

ဒါကြောင့်
ဘယ်တော့မှ သူများမျက်နှာ ကြည့်ပြီး အလုပ်မလုပ်ပါနဲ့...
သူများ မျက်နှာ ကြည့်ပြီး အလုပ်လုပ်တာက သင် အနာဂတ်ကို သင့် အထင်သေးပလိုက်တာနဲ့ အတူတူပဲ..
သင်( ယခု မျက်နှာ ကြည့်နေရတဲ့ သူက သင် အနာဂတ်မှာ ဘာမှ စကားထဲ ထည့်ပြောစရာ မရှိလောက်တဲ့ အခြေအနေမျိုးမှာ ကျန်ခဲ့မှာပါ...)
သင် ဘဝအတွက် သူတို့က အရေးမပါပါဘူး..။
ဒါကြောင့် သင်အလုပ် မျက်နှာကိုပဲ သင်ကြည့်ပါ..။

သင် အလုပ် မျက်နှာပေါ ပိုကြည့်လေ သင်အလုပ် အတွက်ပိုကောင်းအောင် သင်လုပ်လားနိုင်ပါမယ်..။
သင့် ပို ကြံဆလာနိုင်မယ်..။
သင် ပိုလုပ်လို့ သင့် လုပ်ငန်းပို တန်းဖိုးရှိလာလေ သင် သူဌေးက သင် မျက်နှာကို ပြန်ကြည့်နေရမှာ..။

ထပ်ပြောမယ်..
သင် သူဌေး အကြိုက် သင် လိုက်မလုပ်နဲ့...
သင် အလုပ်ကို သင်ကြိုက်အောင်ပဲ လုပ်..
သင် သူဌေးက သင်ကို ပိုတန်းဖိုးထားလာ လိမ့်မယ်..။
နောက်တခု က သင် သူဌေး က နောက် တချိန် သင် ရဲ့ ပါတနာ ဖြစ်လာနိုင်တဲ့ အချက်ကို မေ့မထားနဲ့..
အဲတော့ ဘယ်တော့မှ သင့်အနာဂတ်ကို သင် အထင်မသေးပါနဲ့.....။

အဲလိုပြောလို့( သူဌေး အထက်သူကြီး ကုိ မဟုတ်မခံ ခွန့်တုန့်ပြန်ဖို့ ပြောနေတာမဟုတ်ပါဘူး စကားအလိမ္မာ နဲ့ ကိုယ်လိုချင်ရာ ကို မသိမသာ ဖန်းတီးယူနိုင်တဲ့ အရည်အမျိုးတွေ...၊
သင် အကြိုက် သင် လုပ်ပါဆိုလို့ မဟုတ်တာတွေ တလွဲဆံကောက် စိတ်ကြီးဝင်ဖို့ပြောတာမဟုတ်ပါဘူး ကိုယ်ကြိုက်တာ က သင် အလုပ်အတွက် ပိုကောင်း ပိုတော် အောင် ..
အရည်အချင်း ဗဟုသုတ အမြင် ရှူထောင့် ပေါင်းစူံ က ခြုံငူံ သုံးသပ်နိုင်စွမ်းတွေ ရှိဖို့ သင့်ပိုကြိုးစားပါ...)

ပြောချင်တာက...
"သင် သာအောင်မြင်ချင်ရင်..
သင်သူဌေး မျက်နှာ ကြည့်ပြီး အလုပ်လုပ်ရတဲ့ ဝန်းထမ်း အဖြစ်မခံပါနဲ့..
သင်မျက်နှာကို သင့် သူဌေးက ပြန်ကြည့်နေရတဲ့ အခြေအနေထိရောက်အောင် ပိုကြိုးစားပြပါ.. "

သင် အတွက် သင့် ပိုကောင်းအောင် ကြိုးစားပါလို့..
ဆန္ဒ ပြုရင်း
ZweKhantThu
(27.1.2020)
#ခေါင်းဆောင်မှုCဆယ်လုံး   
🔟 C Leadership☑ Skill🔺🔻
%
1️⃣ သိလိုစိတ်ပြင်းပြမှု (Curiosity)

ခေါင်းဆောင် တစ်ယောက်အနေနဲ့ ကိုယ်လုပ်မယ့် အကြောင်အရာမျိုးမှာ အစစအရာရာ ပြည်စုံဖို့ထက် "မြင်အောင်ကြည့်တတ်ဖို့၊ ဖြစ်မြောက်အောင် အကောင်အထည်ဖော် တည်ဆောက်ပြီး လုပ်ဆောင် တတ်ဖို့" လိုအပ်ပါတယ်။ ထိုသို့ ဖြစ်လာဖို့ဆိုရင် မျက်စိဖွင့် နားစွံ ပြီး အမြဲ သိလိုစိတ် ပြင်းပြနေဖို့ ကြိုးစားရပါလိမ့်မယ်...။

2️⃣ ဆန်းသစ်မှု (Creativity)

အရာရာ ဟာ အမြဲပြောင်းလဲနေတာပါ..။ ဒီသဘောတရားကို နားလည်း တဲ့ ခေါင်းဆောင် တစ်ယောက်အနေနဲ့ အမြဲသူစိတ်ထဲမှာ ဆန်းသစ်ထီထွင် မှုကို ဆာလောင်နေတဲ့ ခြသေ့်တစ်ကောင်လို  ရှာဖွေ ကြံဆ နေဖို့ကလည်း အရေးကြီးလှပါတယ်..။

3️⃣ ဆက်သွယ်ဆောင်ရွက်မှု (Communication)

နောက်လိုက်မရှိပဲ့ ခေါင်းဆောင်းမဖြစ်နိုင်သလို network မရှိတဲ့ business က အောင်မြင်မလာနိုင်ပါဘူး...။ ဒါကြောင့် ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဆက်သွယ် ရေး ပေါင်းစည်းရေး တည်ဆောက်ပြီး ပူးပေါင်းဆောင်ရွက်တတ်ရေး စတဲ့ အရည်အချင်းမျိုးက မရှိမဖြစ် ပျိုးထောင်းပေးရပါလိမ့်မယ်...။

4️⃣ အကျင့်စာရိတ္တကောင်းမွန်မှု  (Character)

လူတစ်ယောက် ရဲ့ အရှိန်အဝါဆိုတာ အဲဒီ လူတစ်ယောက်ရဲ့ စာရိတ္တအင်းအားပါ...။ ခေါင်းဆောင်းကောင်းတစ်ယောက်ရဲ့ ဥပဓိခန့်ညားမှုဟာ ထိုခေါင်ဆောင်းရဲ့ အကျင့်သိက္ခာရဲ့ ရောင်ပြန်ဟပ်မှုတွေ များစွာပါရှိပါတယ်..။ နောက်လိုက်တွေ ယုံကြည်အားကိုးဖို့ လမ်းပြနေရသူ တစ်ယောက်အနေနဲ့၊ ပြောင်းလဲမှုကို ဦးဆောင်နေတဲ့ leaderတစ်ယောက် အနေနဲ့ သူရဲ့ အကျင့်စာရိတ္တကောင်းမွန်မှုက ထိုခေါင်းဆောင်းရဲ့ အသက်ပါပဲ...။

5️⃣ သတ္တိရှိမှု (Courage)

ဦးဆောင်မှုကို စတာနဲ့ သတ္တိ ဆိုတာ တွဲပါလာရမယ့်အရာပါ..။ သမိုင်းအစဥ်အလာမှာကြည့်ကြည့် သတ္တိမရှိပဲ ခေါင်းဆောင်ဖြစ်မလာခဲ့သလို ဖြစ်လာခဲ့ရင်လည်း ခေါင်းဆောင်ကောင်းမမည် ပါဘူး...။
ခေါင်းဆောင်း တစ်ယောက်ရဲ့ သတ္တိ ဆိုတာ မှောင်နေတဲ့ အခန်းထဲက ဖယောင်းတိုင်မီးစကလေးလို အလင်းရောင်းကို ကူးစက်ပြီး ထုိအလင်းအင်းအားနဲ့ အမှောင်ထုကိုဖြိုခွင်းရမှာပါ..။ ဒါကြောင့် ခေါင်းဆောင်း တစ်ယောက်ရဲ့ သတ္တိ က သူအဖွဲ့ ရဲ့ အင်းအားပါ...အလင်းရောင်ပါ..။

( "သုိးတစ်ကောင် ဦးဆောင်တဲ့ ခြသေ့် တစ်ဖွဲ့ထပ် ခြသေ့် တစ်ကောင်ဦးဆောင်တဲ့ သိုးတစ်ဖွဲ့ က ပိုကြောက်ဖို့ကောင်းပါတယ်" ဆုိတဲ့ စကားလိုပါပဲ...သတ္တိမရှိတဲ့ သိုးတစ်ကောင်ဖြစ်နေရင်တော့ ခေါင်းဆောင်ဖြစ်ဖို့ မထိုက်တန်ပါဘူး...။)

6️⃣ အပြစ်ဖြစ်ရင် ခံယူရဲတဲ့သတ္တိရှိမှု(Conviction)

သတ္တိရှိတဲ့ ခေါင်းဆောင်တစ်ယောက်က ဘယ်တော့မှ နောက်က မနေပါဘူး...။ နောက်က နေနေရင်လဲ ခေါင်းဆောင်လို မခေါ်ထိုက်ပါဘူး။ သူပင်ကိုစိတ်ကိုက အခွင်အရေး မယူတတ်ပါဘူး..။ ကိုယ့်အဖွဲ့သားကို အပြစ်ပုံချ လက်ညိုးထိုးပြီး သူရမယ့် ဆုလာဘ် ထပ် သူအပြစ်လို့ခံယူပြီး သူရမယ့် ပြစ်ဒဏ်က သူကို ပိုပြီး မြင့်မြတ်စေပါတယ်.. စိတ်ပိုကျေနပ်ပြီး ရဲ့ရင့်စေပါတယ်။ ဘာလို့လဲဆိုရင် သူတို့က ရှက်တတ်လို့ပါ..အရှက်တရားရှိလို့ပါ။သူတို့က အခက်အခဲပြသာနကို မကြောက်တတ်ပါဘူး..။ သတ္တိ ရှိရှိကျော်ဖြတ်နိုင်စွမ်းအပြည့်ရှိတယ် လို့လဲ ယုံကြည်နေတဲ့အတွက် ဘယ်တော့မှ အပြစ်ဖြစ်လာရင် ခံယူရဲတဲ့ သတ္တိ အပြည့်ရှိပါတယ်။ဒါကြောင့်လည်း သူတို့ရဲ့ တာဝန်ယူတာဝန်ခံ မှုတွေကြောင့် သူတို့ကပိုပြီးမြင့်မြတ်လာကြတာပါ...ပိုပြီးတောက်ပလာကြတာပါ။

7️⃣ လူအများ၏ချစ်ခင်လေးစားနိုင်မှု(Charisma)

ခေါင်းဆောင်းကောင်း တယောက်က လူတွေကို အကြောက်တရားနဲ့ မအုပ်ချုပ်ပါဘူး...။သူတို့က သူလူတွေရဲ့ အကြောင်းကို ကောင်းဖို့ အမြဲစဥ်းစား လုပ်ဆောင်နေသူမို့ သူတိုရဲ့စေတနာတွေကြောင့် လူအများရဲ့ ချစ်ခင်လေးစားမှုကို အမြဲခံရပါတယ်..။
လူတွေရဲ့ ချစ်ခင်မှုကို ခံရတဲ့ ခေါင်းဆောင်းတွေက ပိုပြီးအောင်မြင်ကြပါတယ်..။

8️⃣ ကျွမ်းကျင်လိမ္မာမှု (Competent)

ကျွမ်းကျင် လိမ္မာမှုက ခေါင်းဆောင်တစ်ယောက်အတွက် မရှိမဖြစ် လက်နက်ပါ...။ သူကျင်လည်ရမယ့် နယ်ပယ် သူဦးဆောင်းရမယ့် အဖွဲ့အစည်း သူအကောင်အထည်ဖော်ရမယ့် ဖြစ်စဥ်တွေကို အခြေအနေအချိန်အခါ အလျောက် ပါးပါးနပ်နပ် ကျော်ဖြတ်ဖို့ သူရဲ့ ကျွမ်းကျင်လိမ္မာမှု တွေကို ကောင်းကောင်းအသုံးချတတ်ဖို့က ခေါင်းဆောင်တစ်ယောက်ရဲ့ အတတ်ပညာတစ်ခုပါ။

9️⃣ လက်တွေ့ကျကျတွေးတတ်မှု (Common
 Sense)

တွေးကြည့်တာ ပြေးကြည့်တာထပ် မှန်တယ်ဆိုတာ လက်တွေ့ကျကျ တွေးတတ်လို့ပါ။ ခေါင်းဆောင်းတစ်ယောက် အနေနဲ့ လက်တွေ့ကျကျ တွေးတတ်ဖို့က အရေးကြီးပါတယ်..။သူရဲ့လက်တွေ့ကျကျ အတွေးက သူအဖွဲ့အစည်းရဲ့ ရလဒ်ပါ သူအဖွဲ့သားတွေရဲ့ အားထားရာလမ်းပြတစ်ခုမို့ ခေါင်းဆောင်တစ်ယောက်ရဲ့ လက်တွေ့ကျကျ တွေးတတ်မှုက သူအဖွဲ့အစည်းရဲ့ မီးအိမ်တစ်ခုလိုပါပဲ..။

🔟 အကျဉ်းအကျပ်ထဲကနေ ဖောက်ထွက်နိုင်မှု  (Crisis)

ခေါင်းဆောင်တစ်ယောက်ရဲ့ အဓိက တာဝန်တစ်ခုပါ။ ဘယ်လိုအခြေအနေမျိုးမှာ မဆို သူအဖွဲသားတွေ ရှေ့ မားမားရပ်တည်ပြီး သူတို့ပန်းတိုင်းအတွက် ဘယ်လိုအခြေအနေ မျိုးမှာမဆို မရရအောင် ဖောက်ထွက်နိုင်ခြင်းက ခေါင်းဆောင်းကောင်းတစ်ယောက်ရဲ့ ထူးခြားလှတဲ့ အရည်အချင်းပါ..။ ဘယ်လိုအခြေအနေမျိုးမှာ ဘယ်လိုထိန်းချုပ်ပြီး ဘယ်လိုဖောက်ထွက်ရမယ့် ဆိုတဲ့ သွေးနံရနေတဲ့ စစ်မြင်းတစ်ကောင် လို့ ပိတ်လှောင်ထားတဲ့ အတားအဆီးကို ဖောက်ထွက်ပြဖို​့ အားမာန်အပြည်ဖြစ်နေရပါလိမ့်မယ်..။ ဒီလို အခြေအနေမျိုးက သင့်ကို ဘယ်လိုခေါင်းဆောင်းမျိုးဆိုတာ ဆုံးဖြတ်ပေးမယ့် စာမေးပွဲ တစ်ခုပါပဲ..။

(ဒီ C10လုံးဟာ သင်ကို ဘယ်လိုခေါင်းဆောင်းမျိုးလဲ ဆိုတာ အကောင်းဆုံး သက်သေပြနိုင်မှုတွေပါ..။
ခေါင်းဆောင် ကောင်း တစ်ယောက် အတွက် ရာထူး ကြောင့် ဖြစ်တည်လာမှုထပ် သူရဲ့ ခေါင်းဆောင်စိတ်ဓာတ်နဲ့ အရည်းအချင်းကြောင့် ဖူးပွင့်လာတဲ့ နန်းထိုက်တဲ့ သဇင်ပန်းတွေလို ဂုဏ်ထည်ပြီး ဒါမှမဟုတ် တောအလယ်က ကေသရာဇာ တွေလို ရဲ့ရင်တဲ့ သတ္တိနဲ့ သူတို့ရဲ့ခေါင်းဆောင်း မှုအတွက် သူတို့ကိုသူတို့ အမြဲ အသင့်ရှိနေသူတွေပါ...။)

ခေါင်းဆောင်းကောင်းများဖြစ်ကြပါစေ..။

#ZweKhantThu
#C10leadership

ခေတ်ပျက်ခြင်း စနစ်ပျက်ခြင်း

 " ခေတ်ပျက်ခြင်း"  "စနစ်ပျက်ခြင်း"  ~~~~~~~~~~~ 🍁 ~~~~~~~~~~ "ခေတ်ပျက်တယ်" ဆိုတာ  မဟုတ်တာ လုပ်တဲ့ လူတွေ ကြီးပ...